စတူဒီယိုရိုက်ကူးခွင့်လျှောက်ထားခြင်း


ပြန်ကြားရေးဝန်ကြီးဌာန / April 19, 2018

ဝန်ဆောင်မှုရရှိရန် အခြေခံလိုအပ်ချက်များ

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ စတူဒီယိုအတွင်း ဌာနဆိုင်ရာများမှ အစီအစဉ်များ ရိုက် ကူးထုတ်လုပ်လိုပါကလည်းကောင်း၊ ပြင်ပအနုပညာရှင်၊ ဝါသနာရှင်များမှ (တေးဂီတ၊ အကျိုးပြုတေး၊ ဓမ္မပူဇာတေး၊ အကပဒေသာ၊ တိုင်းရင်းသားအက၊ သူ့လက်သံ၊ သီချင်းကြီး၊ မဟာဂီတ၊ ရိုးရာမဟာသင်္ကြန်အဆိုအက) အစီအစဉ်များ ရိုက်ကူးထုတ်လုပ်လိုပါက အောက်ပါ e-Service ဖောင်ပုံစံတွင် ဖြည့်သွင်းပေးပို့တောင်းခံနိုင်ပါသည်။ သတ်မှတ်ချက် များအနေဖြင့် ရိုက်ကူးခွင့်ကို (၁၀)ရက် ကြိုတင်ပေးပို့ရမည်ဖြစ်ပါသည်။ ရိုက်ကူးခွင့်ရမည့် နေ့ရက်၊ အချိန်တို့ကို e-mail ဖြင့် အကြောင်းပြန်ကြားပေးမည်ဖြစ်ပါသည်။

လိုအပ်သော စာရွက်စာတမ်းများ

ခွင့်ပြုချက်ရရှိလျှင် ရိုက်ကူးမည့်နေ့ရက်တွင် မှတ်ပုံတင် ယူဆောင်လာရမည်။

ဝန်ဆောင်ခ

မရှိပါ။

လျှောက်ထားရန်အဆင့်များ

  • လျှောက်ထားသူအမည်
  • နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
  • ဌာနဆိုင်ရာကုမ္ပဏီအဖွဲ့အစည်း
  • ရိုက်ကူးလိုသည့် အစီအစဉ်အမည်
  • ရိုက်ကူးရေးပြုလုပ်လိုသည့်ရက်စွဲ
  • တေးသီချင်းရိုက်ကူးလိုသူများအတွက် စာသားများ၊ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များ ပူးတွဲပေးပို့ရန်
  • ရိုက်ကူးရေးပြုလုပ်ရာတွင် ပါဝင်မည့်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်များစာရင်း
  • အစီအစဉ်နှင့်ပတ်သက်၍ အကျဉ်းချုပ်ဖော်ပြရန်
  • တေးသီချင်း၊ အသံဖိုင်၊ ဗီဒီယိုဖိုင်များ၏ Drop Box Link

ဆက်သွယ်ရမည့်လိပ်စာ

အသံလွှင့်ဌာနခွဲ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နေပြည်တော် (တပ်ကုန်း)

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာ

အသံလွှင့်ဌာနခွဲ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နေပြည်တော် (တပ်ကုန်း)

Website လိပ်စာ

www.mrtv.gov.mm