မြန်မာ့အသံရေဒီယိုသီချင်းတောင်းကဏ္ဍ

ဝန်ဆောင်မှု (အော့ဖ်လိုင်း) - ၂၁ ခု ဆက်လက်ကြည့်ရှုရန်

ဗွီဒီယို လုပ်ငန်းသစ်/ သက်တမ်းတိုး လျှောက်ထားခြင်း (မကွေးတိုင်းဒေသကြီး)

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ / September 23, 2021

ဗွီဒီယို လုပ်ငန်းသစ်/ သက်တမ်းတိုးခြင်း ခွင့်ပြုပါရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြလျှောက်ထားနိုင်ပါသည်။

Rating

Government Private Cloud (Hosting) ဝန်ဆောင်မှုများ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / September 25, 2020

Rating

Government Private Cloud (Hosting) ဝန်ဆောင်မှုများ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / September 25, 2020

Rating

''ebago'' Mobile Application အား အသုံးပြုနိုင်ကြောင်း အသိပေးခြင်း

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ / February 26, 2019

Rating

မြန်မာ့အသံရေဒီယိုသီချင်းတောင်းကဏ္ဍ


ပြန်ကြားရေးဝန်ကြီးဌာန / April 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

မြန်မာ့အသံ (ရေဒီယို)မှ ထုတ်လွှင့်လျက်ရှိသော မြန်မာပိုင်းအစီအစဉ်တွင် မွေးနေ့ လက်ဆောင်၊ သောတရှင်လိုရာတေး၊ အမှတ်တရတေးလက်ဆောင်၊ မင်္ဂလာ လက်ဆောင်တေး၊ စစ်သည်အတွက်တေးလက်ဆောင် အစရှိသော ကဏ္ဍများတွင် ပြည်သူများ အနေဖြင့် ပါဝင်သီချင်းတောင်းဆိုလိုပါက အောက်ပါ link တွင် ပုံစံများ ဖြည့် သွင်းကာ submit နှိပ်၍ တောင်းဆိုနိုင်ပြီဖြစ်ပါသည်။ ထုတ်လွှင့်ပေးမည့်ရက်ကို e-mail မှ တစ်ဆင့် reply ပြန်ပေးမည်ဖြစ်ပါသဖြင့် (၇)ရက်ကြိုတင် ပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါ သည်။ နားဆင်လိုသော နေ့ရက်ကို အတက်နိုင်ဆုံး ထုတ်လွှင့်ပေးပါမည်။ သို့သော် ထုတ်လွှင့် ချိန်ပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

မရှိပါ။

ဝန်ဆောင်ခ

မရှိပါ။

လျှောက်ထားရန်အဆင့်များ

သောတရှင်များအနေဖြင့် မိမိတောင်းဆိုလိုသည့်သီချင်းများကို အောက်ဖော်ပြပါ ကဏ္ဍအလိုက် ရွေးချယ်တောင်းဆိုနိုင်ပါသည်။

  • တောင်းဆိုလိုသည့် ကဏ္ဍများ
  • တောင်းဆိုသူ အမည်
  • နေရပ်လိပ်စာ
  • အီးမေးလ်
  • တောင်းဆိုခံရသူအမည်
  • နေရပ်လိပ်စာ
  • တောင်းဆိုလိုသည့်သီချင်း
  • နားဆင်လိုသောနေ့ရက်
  • ဆုတောင်းစကား

ဆက်သွယ်ရမည့်လိပ်စာ

အသံလွှင့်ဌာနခွဲ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နေပြည်တော် (တပ်ကုန်း)

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာ

အသံလွှင့်ဌာနခွဲ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နေပြည်တော် (တပ်ကုန်း)

Website လိပ်စာ

www.mrtv.gov.mm/en/radio-song-request-form