ကြားကာလအကြံပေးလုပ်ကိုင်သူများ မှတ်ပုံတင်ခြင်း


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ဆောင်ရွက်လိုသည့် ပြည်တွင်း၊ ပြည်ပမှပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည်  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သီးခြားစည်းကမ်းသတ်မှတ်ချက် သို့မဟုတ် လုပ်ထုံးလုပ်နည်း ထုတ်ပြန်ခြင်း မပြုရသေးပါက ကြား ကာလအကြံပေးလုပ်ကိုင်သူ  အထောက်အထားလက်မှတ် ရယူရန် လိုအပ်ချက်များမှာ-

(၁) ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းအတွက် လျှောက်လွှာပုံစံကို www.ecd. gov.mm မှရယူဖြည့်စွက်ရန်၊

(၂) ညွှန်ကြားရေးမှုးချုပ်ရုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ လိပ်မူသော လျှောက်ထားစာပါရှိရန်၊

(၃)  အနည်းဆုံး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့လက်မှတ် မိတ္တူကို တင်ပြရန်၊ လျှောက်လွှာတွင် အဆိုပြုလျှောက်ထားလိုသည့် ကျွမ်းကျင်မှု နယ်ပယ်နှင့် ဆက်စပ်နေသည့် Certificate များ အထောက် အထားလက်မှတ် များတင်ပြရန်၊

(၄)  Professional Resume ကို ပူးတွဲတင်ပြရန်၊

(၅)    နိုင်ငံသားမှတ်ပုံတင်၊ Passport၊ ID တစ်ခုခုတင်ပြရန်

(၆)    အဖွဲ့အစည်းနေဖြင့် လျှောက်ထားလျှင် DICA မှ ထုတ်ပေးထားသော Certificate ကို ပူးတွဲတင်ပြရန်၊

(၇)   Softcopy/ Hardcopy (၂) မျိုးလုံးတင်ပြရန်၊

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သော စာရွက်စာတမ်းများ

  • မှတ်ပုံတင်မိတ္တူ 
  • Certificates
  • ဘွဲ့လက်မှတ်မိတ္တူ
  • CV
  • DICA certificate
  • တတိယပုဂ္ဂိုလ်/အဖွဲ့အစည်း လျှောက်လွှာ။

လျှောက်ထားရန်အဆင့်များ

အသေးစိပ်သိရှိလိုပါက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၃)၊  နေပြည်တော်၊  EIA section သို့  လျှောက်ထားမည့် လူကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း လာရောက်မေးမြန်းစုံစမ်းနိုင်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

ရုံးအမှတ်(၅၃)၊ နေပြည်တော်

EIA section

Website လိပ်စာ

www.ecd.gov.mm

 



မေးလေ့ရှိသောမေးခွန်းများ