သတင်းနှင့်မီဒီယာများ
နောက်ဆုံးရသတင်းများ - ၉၆၅၇၁ ခု
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန / Posted on September 04, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ မှ ၄ ရက်နေ့အထိ (၁၈) ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပခဲ့ရာ အစည်းအဝေး တတိယနေ့ဖြစ်သည့် ၄-၉-၂၀၂၅ ရက်နေ့တွင် Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ပထမအကြိမ်မြောက် အာဆီယံ-အီးယူ ပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် ဆွေးနွးပွဲ၊ တတိယအကြိမ်မြောက် အာဆီယံ-ဂျပန် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်ဆွေးနွးပွဲနှင့် (၁၉) ကြိမ်မြောက်အာဆီယံ အပေါင်းသုံး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင် ဆိုင်ရာဝန်ကြီးများ၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 04, 2025
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ ပြည်နယ်ဝန်ကြီးများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 04, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒေသစံတော်ချိန် ယနေ့ညနေ ၆ နာရီအချိန်တွင် ဟေလုံကျန်းပြည်နယ်ပါတီအတွင်းရေးမှူး Mr.Xu Qin နှင့် တွေ့ဆုံဆွေးနွေးသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 04, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟာပင်းမြို့တွင် အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဟာပင်းမြို့ရှိ တက္ကသိုလ်များ၌ ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအား ဒေသစံတော်ချိန် ယနေ့ညနေ ၅ နာရီခွဲတွင် ဟာပင်းမြို့ရှိ ရှန်ဂရီလာဟိုတယ်၌တွေ့ဆုံ အမှာစကားပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 04, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ပေကျင်းမြို့၊ Beijing Capital International Airport မှနေ၍ ဟာပင်းမြို့သို့ ထွက်ခွာကြရာ လေဆိပ်တွင် ပေကျင်းမြူနီစီပယ်အစိုးရမှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 04, 2025
နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်