သတင်းနှင့်မီဒီယာများ
နောက်ဆုံးရသတင်းများ - ၉၂၂၂၉ ခု

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 07, 2025
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက်) ၏ ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့ မင်္ဂလာအခါသမယတွင် မိမိအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများကိုယ်စား ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအစိုးရများနှင့် ပြည်သူများကို နွေးထွေးစွာ နှုတ်ခွန်းဆက်သလျက် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 07, 2025
အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 07, 2025
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်မွန်းမြို့နယ်အတွင်းရှိ နောင်မွန်း - ပန်နန်းဒင်သွားမေခမြစ်ကူး (လူကူး) ကြိုးတံတားသည် မေ ၃၁ ရက်တွင် မေခမြစ်ရေ အဆမတန်မြင့်တက်ကာ မြစ်အတွင်း မျောပါသွားခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး အဆိုပါဒေသရှိ ရေဘေးသင့်ပြည်သူများ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် ပျက်စီးခဲ့သည့် ကြိုးတံတားအား ဌာနဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံးပြန်လည်ဆောက်လုပ်ခဲ့ရာ ဇွန် ၄ ရက်တွင် ဆောက်လုပ်ပြီးစီးခဲ့မှုနှင့် နောင်မွန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် မော်တော်ယာဉ်များဖြင့် စားသောက်ဖွယ်ရာများ သွားရောက်ပို့ဆောင်လျက်ရှိသည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 07, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားက ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on June 07, 2025
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 07, 2025
PDF အမည်ခံအကြမ်းဖက်သမားများသည် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်၊ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နေမှုများကို နှောင့်ယှက်ရန်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲများ ဖြစ်ပေါ်စေရန်နှင့် အကြောက်တရားများ ပိုမိုဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများ၊ လမ်း၊ တံတားများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိရာ ဇွန် ၁ ရက်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှ ပေါက်မြို့သို့သွားသည့် အများ ပြည်သူသုံးလမ်းများပေါ်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။