သတင်းနှင့်မီဒီယာများ
နောက်ဆုံးရသတင်းများ - ၉၂၅၆၆ ခု
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန / Posted on June 13, 2025
UNION Minister for Science and Technology Dr Myo Thein Kyaw, who is currently in Chengdu, Sichuan Province, to attend the 2nd Belt and Road Initiative Science and Technology Exchange Conference, received Chinese Vice-Minister of Science and Technology Mr Chen Jiachang on 10 June.

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 13, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား ကျောင်းသူများက အွန်လိုင်းဖြင့် တက်ရောက်သည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 13, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 13, 2025
ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မြေပြင်လက်တွေ့အသုံးချနိုင်ရေး နည်းပညာဆိုင်ရာ (Knowledge Sharing) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁) စုဝေးခန်းမ၌ ကျင်းပသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 13, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် အားကစားဥယျာဉ်အတွင်းရှိ တည်ဆောက်လျက်ရှိသော ဘက်စုံသုံးမိုးလုံလေလုံအားကစားခန်းမကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 13, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ နပန်းအားကစားရုံနှင့် ပဏာမလက်ရွေးစင်အားကစားသမားများထားရှိရာ လေးထပ်အိပ်ဆောင်ရှိ စားရိပ်သာ၊ ချက်ပြုတ်ဆောင်၊ စတိုခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။