သတင်းနှင့်မီဒီယာများ
နောက်ဆုံးရသတင်းများ - ၁၀၉၅၁၂ ခု
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 09, 2026
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒုတိယအကြီးအကဲဖြစ်သူ Major General Vanhthong BOUDTAVONG ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 09, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၏တောင်ဘက်၊ ချောင်းဦး-ရေစကြိုသွားကားလမ်းဘေးရှိ ငါးလုံးတင်ကျေးရွာအတွင်းသို့ လက်နက်အားကိုးဖြင့် အတင်းအဓမ္မဝင်ရောက်၍ ပြည်သူလူထု၏နေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများကို စစ်စခန်းအဖြစ် အသုံးပြုပြီးအခြေပြုကာ အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အသုံးချကာ မုံရွာ-စစ်ကိုင်းနှင့် ချောင်းဦး-ရေစကြို ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ အကြမ်းဖက်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသော PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်းများက ယနေ့တွင် အပြီးတိုင် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရှိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 09, 2026
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ် (တိုင်ပေ) နိုင်ငံသား ၁၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ငါး ဦးနှင့် ပါကစ္စတန်နိုင်ငံသား နှစ် ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၉ ဦးတို့အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 09, 2026
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၃ ထပ်လူနေ အဆောက်အအုံ ၃ လုံးကို ထပ်မံ၍ စနစ်တကျဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on June 09, 2026
ပြည်ထဲရေးဝန်ကြီးဌာန / Posted on June 09, 2026
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ...............................................
