သတင်းထုတ်ပြန်ချက်

နောက်ဆုံးရသတင်းများ - ၈၁၄၂၃ ခု

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်စက်မှုနယ်မြေရှိ စက်ရုံများ ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်စက်မှုနယ်မြေရှိ မီးခံအုတ်စက်ရုံ၊ စက်ဘီးစက်ရုံ၊ အပ်ချုပ်စက်စက်ရုံ၊ ဖိနပ်စက်ရုံ၊ အမှတ်(၉)အထည်စက်ရုံတို့တွင် ကုန်ပစ္စည်းထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်း၌လိုအပ်သော ထုတ်ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးအတွက် အထည်ချုပ်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်၊ ဖိနပ်ချုပ်လုပ်သည့်လုပ်ငန်းများကိုလည်း အရည်အသွေးကောင်းမွန်စွာဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန် မှာကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဇေယျာသီရိမြို့နယ် ရတနာစံကျောင်းတိုက်၌ ရေဘေးရှောင်နေသော ဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ သီလရှင်ကျောင်းများရှိ ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရတနာစံကျောင်းတိုက်၌ ရေဘေးရှောင်နေသော ဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် သီလရှင်ကျောင်းများမှ ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရတနာစံပရိယတ္တိစာသင်တိုက် ရတနာဘိမတဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့ရသည့် ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ယနေ့နံနက်ပိုင်းတွင် တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့ရသည့် ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နီပေါနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်း (၁၀)နှစ်မြောက် အထိမ်းအမှတ်နေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

နီပေါနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်း (၁၀)နှစ်မြောက်အထိမ်းအမှတ်နေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၆ နာရီခွဲတွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်သည်။

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 20, 2024

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

လူမှုဖူလုံရေးအဖွဲ့၏ အမျိုးအသားအဆင့် လူမှုဖူလုံရေးအစည်းအဝေး (၂/၂၀၂၄)ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၂/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။


၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Posted on Sep 20, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Sep 19, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 18, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်နေ့၊ စက်တင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Sep 17, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။


Posted on Sep 16, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 15, 2024

သတင်းထုတ်ပြန်ချက်


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / January 08, 2022


အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့ (International Organization for Migration- IOM) သည် “Rohingya Cultural Memory Centre” ခေါ် အင်တာနက် စာမျက်နှာတစ်ခုကို ထူထောင်ခဲ့ကြောင်း သိရှိရသည်။ IOM သည် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးနှင့် ပူးပေါင်း၍ “Art, Life, Rohingya” အမည်ဖြင့် အွန်လိုင်းပြပွဲတစ်ရပ်ကိုလည်း ကျင်းပခဲ့သည်။ ယင်းကဲ့သို့ အင်တာနက်စာမျက်နှာ ထူထောင်ခဲ့ခြင်းသည် IOM ၏ လုပ်ပိုင်ခွင့်နှင့် ကျွမ်းကျင်မှုနယ်ပယ်ထက် ကျော်လွန်နေပြီး IOM သည် လူအုပ်စုအချို့၏ အတုအယောင်လူမျိုးတောင်းဆိုမှုကို အတည်ပြုပေးနိုင်သည့် အခြေအနေတွင် မရှိခြင်းကြောင့် ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက ၂၃-၁၂-၂၀၂၁ ရက်တွင် IOM သို့ ကန့်ကွက်စာ ပေးပို့ခဲ့သည်။ မြန်မာနိုင်ငံ၏ ဥပဒေနှင့် သမိုင်းမှတ်တမ်းတွင် မရှိခဲ့သည့် “ရိုဟင်ဂျာ” အသုံးအနှုန်းကို မြန်မာနိုင်ငံက အစဉ်တစိုက် ပယ်ချပြီး ယင်းအသုံးအနှုန်းကို မြန်မာပြည်သူများက အသိအမှတ်ပြုခြင်းမရှိပါ။ ထို့ပြင် အဆိုပါ အင်တာနက်စာမျက်နှာတွင် ပါရှိသော မှားယွင်း၍ လုပ်ကြံဖန်တီးထားသည့် ဖော်ပြချက်များနှင့် မဟုတ်မမှန် မုသားများကို မြန်မာနိုင်ငံက ပယ်ချလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်