နောက်ဆုံးရသတင်းများ

နိုင်ငံတည်ဆောက်မည့် လူငယ်များပျိုးထောင်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 26, 2024

​​​​​​​နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အတွက် ဦးတည်ချက်(၉)ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူမှုရေးဦးတည်ချက်၌ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။

သဘာဝဘေး၊ လူတိုင်းနှင့်ဆိုင်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 26, 2024

​​​​​​​မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် သင်္ကြန်ကာလအပြီးနှင့် မေလဆန်းရက်များတွင် လေပြင်းတိုက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် သတိထားကြရမည်ဖြစ်သည်။ ယင်းကာလတွင် နေ့အပူချိန်မြင့်မားလျက်ရှိရာ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် အပူပျံတက်တိမ်များမှတစ်ဆင့် မိုးတိမ်တောင်များဖြစ်လာကြပြီး အဆိုပါမိုးတိမ်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသည့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာကြသည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

သတင်းထုတ်ပြန်ချက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 26, 2021


သတင်းထုတ်ပြန်ချက်

 

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့မှ (၂၈)ရက် နေ့အထိ ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက်နှင့် (၃၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးများနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်) တက်ရောက်ပါရန် ၁၉-၁၀-၂၀၂၁ ရက်နေ့၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံ၏ ဖိတ်ကြားစာကို မြန်မာဘက်က လက်ခံရရှိ ခဲ့ပါသည်။

 

အစည်းအဝေးတက်မည့် မြန်မာကိုယ်စားလှယ်၏ အဆင့်ကိုနှိမ့်၍ ဖိတ်ကြားခြင်းနှင့် မိန့်ခွန်းပြောခြင်းနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အကန့်အသတ်ထားခြင်း တို့သည် အာဆီယံ ပဋိညာဉ်စာတမ်းပါ မူ၊ လုပ်ထုံးလုပ်နည်းနှင့် အာဆီယံ၏ ထုံးတမ်းအစဉ်အလာတို့နှင့် ကွဲလွဲနေပြီး၊ အထူးသဖြင့် အာဆီယံ ပဋိညာဉ်စာတမ်း အပိုဒ်-၂ ပါ “အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူ ရည်တူရှိမှု၊ နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာရန်” နှင့် အပိုဒ်-၅ တွင်ပါရှိသည့် “အဖွဲ့ဝင် နိုင်ငံများသည် တူညီသည့်အခွင့် အရေးနှင့်တာဝန်များရှိရမည်” ဆိုသည့် ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိပါ။

 

ထို့အပြင် ၁၅-၁၀-၂၀၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့် အရေးပေါ် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး ဆုံးဖြတ်ချက်သည် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အဖွဲ့ဝင် နိုင်ငံအားလုံး၏ တူညီဆန္ဒအရ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်သည့်အတွက် ယင်းအစည်းအဝေးဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက လက်မခံနိုင်ကြောင်း၊ ယင်းကိစ္စကို မှတ်တမ်းတင်ထားရန် အဆိုပါ အစည်းအဝေးတွင်ပင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ ဘရူနိုင်းနိုင်ငံသို့ အသိပေးခဲ့သည်။

 

သို့ရာတွင် မြန်မာနိုင်ငံ၏ သဘောထားကို လျစ်လျူရှုလျက်၊ အာဆီယံထိပ်သီး အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးချမ်းအေး တက်ရောက်ရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ၂၅-၁၀-၂၀၂၁ ရက်နေ့တွင် ဖိတ်ကြားခဲ့သည်။

 

သို့ပါ၍ အဆိုပါ အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေး များသို့ မြန်မာနိုင်ငံက နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့ အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်က ပါဝင် တက်ရောက် နိုင်ရေးကိုသာ လက်ခံမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဘက်သို့ ၂၅-၁၀၂၀၂၁ ရက်နေ့တွင် အကြောင်းပြန်ကြားခဲ့သည်။

 

မြန်မာနိုင်ငံမှ အာဆီယံထိပ်သီးအစည်းအဝေးများသို့ နိုင်ငံ့အကြီးအကဲအဆင့် သို့မဟုတ် ၎င်း၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးအဆင့် တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက် နိုင်ခဲ့ခြင်းမှာ အာဆီယံအား မကျေနပ်မှုကို ပြသလိုသော သဘောဆန္ဒဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အပြင်၊ အာဆီယံကို သပိတ်မှောက်နေခြင်းလည်း မဟုတ်ကြောင်း၊ အာဆီယံ ပဋိညာဉ်စာတမ်းပါ မူများ၊ အစဉ်အလာများနှင့်အညီ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ရရှိသင့်သည့် အခွင့်အရေးကိုတောင်းဆိုခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံ၏ ညှိနှိုင်းဆောင်ရွက် လိုသည့် သဘောထား ကို ပြသခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့သို့ ဝင်ရောက်ပြီးသည့်အချိန်မှစ၍ အာဆီယံပဋိညာဉ် စာတမ်းပါ မူ နှင့်လုပ်ထုံးလုပ်နည်းများကို လေးစား၊ လိုက်နာခဲ့ပြီး အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် အပြုသဘော ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားပါမည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023