မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်မြန်မာ့တိုင်းရင်းဆေးပညာရှင်များ နှီးနှော ဖလှယ်ပွဲ အောင်မြင်စွာကျင်းပပြီးစီး

မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်မြန်မာ့တိုင်းရင်းဆေးပညာရှင်များ နှီးနှော ဖလှယ်ပွဲ အောင်မြင်စွာကျင်းပပြီးစီး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 29, 2018
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၉

မြန်မာ့တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲကို ယနေ့ နံနက် ၉နာရီတွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ဆက်လက် ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် ဆွေးနွေးသည်။
အခမ်းအနားတွင် နှီးနှောဖလှယ်ပွဲသဘာပတိတိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမိုးဆွေက အဖွင့်အမှာ စကား ပြောကြားပြီး ညီလာခံမှ အဆိုပြုချက်များနှင့် ပတ်သက်၍ ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
ထို့နောက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုလေ့ ကျင့်သင်ကြားမွေးထုတ်ပေးရန်ခေါင်းစဉ်ဖြင့် အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဦးဆောင်ပြီး ကျန်းမာရေး လူ့စွမ်းအား အရင်း အမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေး၊ ဆေးဝါးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာစန်းစန်းနွဲ့၊ တိုင်းရင်းဆေးကောင်စီဝင် ဦးသန်း ထွန်း၊ တိုင်းရင်းဆေး တက္ကသိုလ် (မန္တလေး) မှ ဒုတိယပါမောက္ခချုပ် (သင်ကြား) ပါမောက္ခဝင်းနိုင်၊ အနာပေါက်ရောဂါကု သမှုပညာဌာန ပါမောက္ခ/ဌာနမှူး(ငြိမ်း) ပါမောက္ခ အောင်ကျော်မင်း၊ အကြော၊ အရိုး၊ အဆစ်ပညာဌာန ပါမောက္ခ/ဌာနမှူး (ငြိမ်း) ပါမောက္ခ မောင်မောင်သက်၊ ဆေးပညာ ဌာနပါမောက္ခ၊ ပါမောက္ခဒေါက်တာ သိန်းဇော်လင်း တို့က ဆွေးနွေးတင်ပြကြပြီး တက်ရောက်ကြ သူများက ပါဝင်ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေးက ဖြည့်ဆည်း ဆောင်ရွက် ပေးမည့် ကိစ္စများကိုဆွေးနွေး ပြောကြားသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးကဏ္ဍနှင့် တိုင်းရင်းဆေးဝါးများ ၏ အရည်အသွေးပိုမိုတိုးတက် ကောင်းမွန်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ရန်ခေါင်းစဉ်ဖြင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်က ဦးဆောင်ပြီးတိုင်းရင်းဆေးပညာဦး စီးဌာန၊ ညွှန်ကြားရေးမှူး (သုတေသနနှင့်ဖွံ့ဖြိုးရေး)(ငြိမ်း) ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူး (ဆေးဝါး/ဥယျာဉ်) ဒေါက်တာမြင့်မြင့်သန်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း(ယာယီ) ဥက္ကဋ္ဌ ဦးမောင်မောင်ဦး၊ အဝေရာတိုင်းရင်း ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းမှ ဦးသိန်းဝင်း၊ စင်္ကြာမင်းတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းမှ ဦးမြင့်ဝေ၊ ရုပ်ပျိုတိုင်းရင်းဆေးဝါး ထုတ်လုပ် ရေးလုပ်ငန်းမှ ဦးကျော်သက်နိုင် တို့ ကဆွေးနွေးတင်ပြကြပြီး တက် ရောက် လာကြသူများကသိရှိလိုသည်များကို မေးမြန်းဆွေး နွေးကြ သည်။
ယင်းနောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေး ပညာ ရှင်များ နှီးနှောဖလှယ်ပွဲ ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ သဘာပတိ တိုင်းရင်း ဆေးပညာဦးစီးဌာနညွှန် ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက နိဂုံးချုပ်စကားပြောကြားပြီး (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးပညာရှင်များနှီးနှောဖလှယ်ပွဲ Panel Discussion တွင် ဆွေးနွေးခဲ့ကြသော Panelists များနှင့် တိုင်းရင်းဆေးပြခန်း ပြသကြသော တိုင်းရင်း ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။
(သတင်းစဉ်)
 

HOT NEWS
January 4,