သတင်းနှင့်မီဒီယာများ
နောက်ဆုံးရသတင်းများ - ၉၃၅၄၅ ခု

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 03, 2025
၁။ နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဥပဒေပါအခွင့်အရေးများ၊ နိုင်ငံတော်က လက်ခံထားသည့် လူ့အခွင့်အရေးနှင့် သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာသဘောတူစာချုပ်များတွင်ပါရှိသည့် လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေပုဒ်မ ၃၀ အရ ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးအတွက်သော်လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍သော်လည်းကောင်း ကော်မရှင်သို့ တိုင်ကြားနိုင်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 03, 2025
ပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်နှုန်းကွာဟချက်များကို ဆန်းစစ်လေ့လာခြင်းဆိုင်ရာ မွမ်းမံသင်တန်းကို နေပြည်တော် ရေဆင်းရှိစိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC)၌ ယမန်နေ့က စတင်ဖွင့်လှစ်လျက်ရှိရာ ယနေ့သင်တန်း ဒုတိယရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပါဝင်ပို့ချဆွေးနွေးသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 03, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 03, 2025
ဇူလိုင် ၃ ရက်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ကစ္စပနဒီလမ်းနှင့် တော်ဝင်ရတနာလမ်းကြား၊ သစ်ခွလမ်းတွင် ကျင်းပသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 03, 2025
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများကို ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 03, 2025
အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများနှင့် အမျိုးသားနှင့်အတူ ပေါင်းသင်းရန်စီစဉ်ခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ်(၂၀) ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Jul 3, 2025စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
သာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် စွမ်းစွမ်းတမံထောက်ပံ့လှူဒါန်းခဲ့သော အမျိုးသမီးများအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်း
Posted on Jul 3, 2025သာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် စွမ်းစွမ်းတမံထောက်ပံ့လှူဒါန်းခဲ့သော အမျိုးသမီးများအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်း