ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လျှပ်စစ်ဆိုလာတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲတက်ရောက်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လျှပ်စစ်ဆိုလာတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲတက်ရောက်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / June 20, 2025
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး တောင်သူစည်းရုံးပညာပေးကွင်းသရုပ်ပြပွဲများ ကြည့်ရှုအားပေး


ဘားအံ - ဇွန် (၂၀)

ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးကော်မတီမှကြီးမှူး၍ ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း(ဘားအံ)၏ ကြီးကြပ်မှုဖြင့် လျှပ်စစ်ဆိုလာတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲကို ဇွန်လ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲ က ဘားအံမြို့နယ်၊ အိန္ဒဲကျေးရွာအုပ်စု၊ ဘုရားလုံကျေးရွာ အရိယာရာမဘုရားလုံကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါသင်တန်းသို့ အိန္ဒဲ၊ နောင်လုံအရှေ့၊ နောင်လုံအနောက်၊ ကော့သင်းရှူး ကျေးရွာအုပ်စုများမှ သင်တန်းသား ၃၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလ ရက်သတ္တပတ် ၄ ပတ်ကြာမြင့်မည်ဖြစ်ကာ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြများ၏ စာတွေ့၊ လက်တွေ့နှင့် လုပ်ငန်းခွင် ဆိုင်ရာအတွေ့အကြုံအသိပညာရပ်များသင်ကြားပို့ချမှုကို လက်တွေ့ဘဝနယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ရန် အားသွန်ခွန်စိုက်ကြိုးစားအားထုတ်သင်ယူ၍ မိမိတို့၏ မိသားစု၊ ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဖွင့်လှစ်ခဲ့သောသင်တန်းများမှ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ များရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသားများအားရင်းနှီးနွေးထွေးစွာတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အရိယာရာမဘုရားလုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယဉာဏ အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ် အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ လှာ ကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ကျင်းပသည့်ပြိုင်ပွဲသည် ပုသိမ်မြို့တွင်ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် ပြည်နယ် လက်ရွေးစင်များရွေးချယ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ရန်နှင့်အောင်မြင်မှုများရရှိနိုင်ရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပြီး ပိုက်ကျော်ခြင်းအားကစားနည်းဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကိုမြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများ ကြိုးစားကြစေလို ကြောင်း ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။

ထို့နောက် အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းအသင်း (၇)သင်းမှ အားကစားသမားများအားရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ပိုက်ကျော်ခြင်းအားကစားအသင်းတစ်သင်းလျှင် ငွေကျပ်သိန်း ၂၀ စီ ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် အဖွင့်ပွဲစဉ်အဖြစ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဘားအံမြို့နယ်အသင်းနှင့် မြဝတီမြို့နယ် အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများ၊ ပိုက်ကျော်ခြင်းအားကစားဝါသနာရှင် များနှင့်ဒေသခံပြည်သူများကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ်အသင်းက နှစ်ပွဲ တစ်ပွဲဖြင့် အနိုင် ရရှိခဲ့ပါသည်။

 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Posted on Jun 21, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Posted on Jun 18, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Jun 17, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Jun 16, 2025
AnnouncementsExplore more >

မြန်မာနိုင်ငံပြန်တမ်း

Posted on Jun 20, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

HOT NEWS
January 4,