တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ  ပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေး

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ  ပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေး


Ayeyarwaddy Region Government/ ပုသိမ် / January 15, 2025


ပုသိမ်        ဇန်နဝါရီ        ၁၄

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ၊ ပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ညောင်တုန်းမြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတား၊  ရွှေတောင်တန်းရိပ်သာတွင် ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ၊ ပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးသည်  ဆန်၊ စပါးထွက်ကုန်များ၊ ပီလောပီနံ၊ ပဲ၊ ပြောင်း၊ ငရုတ်စသည့် သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိပါကြောင်း၊ ထိုသို့တင်ပို့လျက်ရှိရာတွင် ပို့ကုန်များ ပိုမိုတိုတက်ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်နှစ်ဆတင်ပို့နိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကုန်ကြမ်းများဝယ်ယူစုဆောင်းထားရှိမှု၊ အမှာစာရရှိမှုအ ခြေအနေများတင်ပြဆွေးနွေးပေးစေလိုကြောင်းနှင့် ယခုနှစ်တွင်ပို့ကုန်များ ပိုမိုတင်ပို့နိုင်မှုအခြေအနေများ စနစ်တကျမှတ်တမ်းထားရှိရန်နှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စေရေးဆောင်ရွက်ရန်မှာ ကြားခဲ့သည်။ ဆက်လက်၍  တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးနှင့် ကဏ္ဍစုံ တင်ပို့နေသည့် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များက ဆန်နှင့် ဆန်ကွဲ ပို့ကုန်တင်ပို့မှု၊ ပေါင်းဆန်ထုတ်လုပ်မှု၊  ပဲမျိုးစုံတင်ပို့ ရောင်းချမှု၊ အစေ့ထုတ်ပြောင်းတင်ပို့ ရောင်းချမှု၊ ရေထွက်ကုန်ပစ္စည်း တင်ပို့ရောင်းချမှု၊ အခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေကြည်ကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစု ဆောင်းနေကြာ(၅)ဧကစိုက်ခင်းနှင့် ၂၀၂၄-၂၀၂၅ခုနှစ်၊ ဆောင်းနေကြာ(၁၀)ဧက သီးသန့်စံပြကွက်များအား ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ဝတ်မှုန်ကူးခြင်းများအတွက် ပျားပုံးများထားရှိရေး၊ ရေ၊ မြေဩဇာအချိန်ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်း​အောင်စိုက်ပျိုးကြရန်မှာကြားခဲ့သည်။ ယင်းနောက် တမြာလျှပ်စစ်မြစ်ရေတင်စီမံကိန်း (အကျိုးပြုဧက-၁၀၀၀) အားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက စိုက်ဧကများအား မြစ်ရေပေးဝေနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကများရေလုံလောက်စွာရရှိရေးနှင့် ဆိုလာစနစ်များဖြင့်ပါ ရေတင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ နန်းတော်ကျွန်းကျေးရွာရှိ အထူးဇုန်(၁) ဆောင်းနေကြာစံပြစိုက်ခင်း (၁၀) ဧက အောင်မြင်ဖြစ်ထွန်းနေမှုများ ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ(နေကြာ၊ မြေပဲ၊ ပဲပုတ်)စိုက်ပျိုးထားရှိမှု၊ အစေ့ထုတ်ပြောင်းစိုက်ပျိုးထားရှိမှု၊ ငရုတ်၊ ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များစိုက်ပျိုးထားရှိမှုအခြေအနေများ၊ စိုက်ပျိုးစရိတ်ကုန်ကျမှုများနှင့်ဈေးကွက်ရရှိမှုအခြေအနေများ ဆွေးနွေးမေးမြန်းခဲ့ပြီး စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများပိုမိုတိုးတက်စိုက်ပျိုးနိုင်ရေး၊ ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ သီးထပ်စွမ်းအားများတိုးတက်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးနှင့် လယ်ယာထွက်ကုန်များပိုမိုတင်ပို့နိုင်ရေးတို့ကိုမှာကြားခဲ့သည်။ အဆိုပါ ဇလွန်မြို့နယ်၊ နန်းတော်ကျွန်းကျေးရွာရှိ တောင်သူများမှ စိုက်ဧက(၄၁၉၀)တွင် နေကြာ(၁၂၅)ဧက၊ အစေ့ထုတ်ပြောင်း(၂၆၀၀)ဧက၊ မတ်ပဲ(၅၀၀)ဧက၊ ငရုတ်(၄၀၀)ဧကနှင့် မြေပဲ၊ ပဲပုတ်၊ ပဲတီစိမ်း၊ လွန်းနီ၊ လွန်းဖြူ၊ အခြားပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်းသိရသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Posted on Jun 21, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Posted on Jun 18, 2025
AnnouncementsExplore more >

အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်

Posted on Jun 23, 2025

၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

HOT NEWS
January 4,