(၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ် ယောဂသရုပ်ပြ စုပေါင်းလေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

(၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ် ယောဂသရုပ်ပြ စုပေါင်းလေ့ကျင့်ခြင်း အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / June 21, 2025
image_latest


နေပြည်တော် ဇွန် ၂၀

(၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ် ယောဂသရုပ်ပြ စုပေါင်းလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဥယျာဉ်တော်အတွင်း ရေပန်းရင်ပြင်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယောဂလေ့ကျင့်ခန်းကို စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဦးစွာ အိန္ဒိယနိုင်ငံဆက်ဆံရေးရုံး၊ ဆက်ဆံရေးအရာရှိနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr.Shri Abhay Thakur တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ (၁၀)ကြိမ်မြောက် ယောဂနေ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းအစီအစဉ်ကို မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ရေပန်းရင်ပြင်၌ ကျင်းပဆောင် ရွက်နိုင်ခဲ့ပြီး ယနေ့သည်(၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂ နေ့အထိမ်းအမှတ် ယောဂလေ့ကျင့်ခန်းကို ဒုတိယအကြိမ်အဖြစ် ကျင်းပဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယနေ့ဆိုလျှင် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ် ယောဂလေ့ကျင့်ခန်းကို ဘုရားကြီး၏ အေးချမ်းသော မေတ္တာရိပ်အရိပ်အာဝါသအောက်တွင် ပြီးပြည့်စုံစွာ ဆောင်ရွက်သွား နိုင်မည်ဖြစ်ပါကြောင်း။

Yoga ၏ ဆောင်ပုဒ်ဖြစ်သည့် “Yoga for Hormony & Peace” အဆိုအရ ကျန်းမာရေးညီညွတ်မျှတခြင်း၊ တည်ငြိမ်အေးချမ်းမှုရရှိခြင်းဟု ဆိုရမည်ဖြစ်ပါကြောင်း၊ ယောဂလေ့ကျင့်ခန်းသည် သေချာလေ့ကျင့်ပါက အသက်အရွယ်မရွေး ကျန်းမာရေးနှင့်ညီညွတ်သည့် နိုင်ငံတကာအသိအမှတ်ပြုသည့် လေ့ကျင့်ခန်းဖြစ်ပါကြောင်း၊ ပုံမှန်အလေးထား လိုက်နာဆောင် ရွက်မည်ဆိုပါက အသက်ရှည် ကျန်းမာစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရရှိနေနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ယောဂသမိုင်းနှင့်ပတ်သက်သည့် မှတ်တမ်းဗီဒီယိုကိုပြသပြီး မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်၌ အိန္ဒိယနိုင်ငံသံရုံးမှ အိန္ဒိယယဉ်ကျေးမှုယောဂနည်းပြ ဆရာမနှင့် တက်ရောက်လာကြသူများက ယောဂသရုပ်ပြစုပေါင်း လေ့ကျင့်ခြင်းကို ဆောင်ရွက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့က အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး အိန္ဒိယနိုင်ငံ သံအမတ်ကြီးက ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ကြကာ (၁၁)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာယောဂနေ့ အထိမ်းအမှတ်နှင့် ယောဂသရုပ်ပြ စုပေါင်းလေ့ကျင့်ခြင်း အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း သတ်မှတ်နေရာ၌ ကံ့ကော်ပင်ကို အတူတကွ စိုက်ပျိုးကြသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Posted on Jun 21, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Posted on Jun 18, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Jun 17, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Jun 16, 2025
AnnouncementsExplore more >

မြန်မာနိုင်ငံပြန်တမ်း

Posted on Jun 20, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

HOT NEWS
January 4,