ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်ခြင်း
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်ခြင်း
Ministry of Information/ Naypyitaw / August 12, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် ၂၂၆ /၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်)
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်ခြင်း
အများပြည်သူအလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက် များနှင့် အညီ လိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လေးကြိမ်သတ်မှတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက် ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိ နိုင်ရေးအတွက် ၂၀၂၁ခုနှစ်၊ ဩဂုတ် လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိအား တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက် အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ တိုးမြှင့်သတ်မှတ် ကြေညာလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး