ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၅ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပသွားမည်
ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၅ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပသွားမည်
Ministry of Transport and Communications/ Naypyitaw / June 25, 2025
၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ - ၂၀၂၅ (တက္ကသိုလ်အဆင့်)ကို Online မှတစ်ဆင့် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများအနေဖြင့် မိမိတို့၏ ဗီဒီယိုဖိုင်များအား ပြိုင်ပွဲဝင် လျှောက်လွှာများနှင့်အတူ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်လျှောက်လွှာနှင့် ပြိုင်ပွဲဆိုင်ရာအချက်အလက်များကို အောက်တွင် Download ရယူနိုင်ပါသည်-
၂။ ယခုပြိုင်ပွဲအား ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာများ တိုးတက်လာစေရန်၊ ကျောင်းသားများအနေဖြင့် လက်ရှိဒစ်ဂျစ်တယ်နည်းပညာနှင့်ပတ်သက်၍ ဝေဖန်ပိုင်းခြားတွေးခေါ်မှု တိုးတက်လာစေရေး တွန်းအားပေးရန်၊ ကျောင်းသားများ၏ အရည်အသွေးနှင့် အရည်အချင်းများကို ပြသရန်၊ တက္ကသိုလ်များ၊ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအား မြှင့်တင်နိုင်စေရန်နှင့် ပြိုင်ပွဲတွင် ပထမဆုရရှိသော Video ဖိုင်အား ဘရူနိုင်းနိုင်ငံ၊ Cyber Security Brunei က Online မှတစ်ဆင့် တာဝန်ယူ ကျင်းပပြုလုပ်မည့် ASEAN-JAPAN Cybersecurity Awareness Video Competition (2025) ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။
၃။ ချီးမြှင့်မည့်ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပထမဆု - ငွေကျပ် (၁၅) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။
(ခ) ဒုတိယဆု - ငွေကျပ် (၁၀) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။
(ဂ) တတိယဆု - ငွေကျပ် (၇) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။
(ဃ) နှစ်သိမ့်ဆု - ငွေကျပ် (၃) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။
(င) နှစ်သိမ့်ဆု - ငွေကျပ် (၃) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။
၄။ ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ - ၂၀၂၅ (တက္ကသိုလ်အဆင့်)တွင် ပထမဆု ရရှိသော ဗီဒီယိုဖိုင်အား ASEAN-JAPAN Cybersecurity Awareness Video Competition (2025) သို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။
၅။ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် မိမိတို့ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် ဗီဒီယိုဖိုင်များအား competitions@ncsc.gov.mm အီးမေးလ်သို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ ၁၆း၀၀ နာရီ နောက်ဆုံးထား၍ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် - ၀၉-၄၂၄၀၀၀၉၅၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Download