ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာဝင်ငွေနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာ အကျိုးခံစားခွင့်များရရှိနိုင်ရေး အသိပေးကြေညာခြင်း


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန/ location / August 23, 2022


၁။    ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသော လစာ ခေါင်းစဉ်မှဝင်ငွေသည် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ အဆိုပါ ဝင်ငွေရရှိသူ ပြည်ပနေနိုင်ငံသားများ အနေဖြင့် ယင်းငွေအား ပြည်တွင်းသို့လွှဲပြောင်း၍ ပြည်တွင်း၌မော်‌တော်ယာဉ်များ၊ အိမ်ခြံမြေစသည့် အခြေပစ္စည်းများ ဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့် အစုရှယ်ယာများဝယ်ယူ၊ ထည့်ဝင်ရင်းနှီးမြှုပ်နှံခြင်းတို့ ဆောင်ရွက်ရာတွင် တည်ဆဲဝင်ငွေခွန်ဥပဒေအရ ဝင်ငွေခွန်ထပ်မံပေးဆောင်ရန် မလိုအပ်ပါ။ 

၂။    သို့ရာတွင် ပြည်ပနေနိုင်ငံသား၏ ပြည်တွင်းသို့လွှဲပြောင်းငွေသည် တရားဝင်ငွေလွှဲခွင့်လိုင်စင် ရရှိထားသည့်ဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့မှသာ တည်ဆဲအခွန်ဥပဒေအရ ဝင်ငွေခွန်ထပ်မံပေးဆောင်ရန် မလိုအပ် သည့်  အခွန်ဆိုင်ရာအကျိုးခံစားခွင့်များ ရရှိနိုင်မည်ဖြစ်ပါသည်။

၃။    သို့ဖြစ်ပါ၍ ပြည်ပနေနိုင်ငံသားများအနေဖြင့် အခွန်ကင်းလွတ်ခွင့်ရှိသောလစာဝင်ငွေဖြင့် အခြေပစ္စည်းများဝယ်ယူရာတွင် အခွန် ဆိုင်ရာအကျိုးခံစားခွင့်များကို ပြည့်ပြည့်ဝဝရရှိနိုင်ရေး အတွက် ပြည်တွင်းသို့ငွေလွှဲပေးပို့ရာ၌ တရားဝင်ငွေလွှဲခွင့်လိုင်စင် ရရှိထား သည့်ဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

 

ပြည်တွင်းအခွန်များဦးစီးဌာန

​​​​​​​