မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / March 11, 2022
image


မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြတ်နန်းယုံ ငွေရေးကြေးရေး ဝန်ဆောင်မှုကုမ္ပဏီလီမိတက် အား ၁၉၉၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတော် ငွေရေး ကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ ငွေရေး ကြေးရေး ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်ရန် ၂၅-၁-၂၀၁၃ ရက်နေ့တွင် စတင်ခွင့်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ အရ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့ အစည်းလုပ်ငန်းများ ဆောင်ရွက်ရန် မှတ်ပုံတင် လက်မှတ် (Registration Certificate) အမှတ်၊ NBFI/FC(R)-02/07/2016 ကို ၂၈-၇-၂၀၁၆ ရက် နေ့တွင် ထုတ်ပေးခဲ့ပါသည်။

မြတ်နန်းယုံငွေရေးကြေးရေး ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏ ခွင့်ပြုချက်မရှိဘဲ အခြားအဖွဲ့အစည်းနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ မှတ်ပုံတင် လက်မှတ် စည်းကမ်းချက်ပါ လုပ်ငန်းများကို ကောင်းစွာအကောင်အထည်ဖော် ဆောင်ရွက်မှု မရှိခြင်း၊ လက်ရှိတွင်လုပ်ငန်းဆောင်ရွက်နိုင်မှု မရှိတော့ခြင်း၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့ အစည်းများ ထူထောင်ခြင်း၊ လုပ်ငန်းဆောင် ရွက်ခြင်းနှင့် လုပ်ငန်းဆိုင်ရာကျင့်ဝတ်များအတွက် ညွှန်ကြားချက် (၁/၂၀၂၁) ပါ သတ်မှတ်ချက်များ ကို လိုက်နာမှုမရှိခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာများ မတင်ပြနိုင်ခြင်း တို့ကြောင့် Legal Entity ပျောက်ဆုံးနေခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ On-site နှင့် Offsite စစ်ဆေးမှုများအရ တွေ့ရှိရပြီး ၎င်းတို့ကို ပြုပြင်ဆောင်ရွက်ရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ခဲ့သည်ကို တွေ့ရှိရပါသည်။

သို့ဖြစ်ရာ ၂၉-၁၂-၂၀၂၁ ရက်နေ့တွင် ကျင်းပ ခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒါရိုက်တာ အဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှု ကုမ္ပဏီ လီမိတက်အား ထုတ်ပေးထားသော ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့ အစည်း မှတ်ပုံတင် လက်မှတ်ကို ၃၁-၁-၂၀၂၂ ရက်နေ့ မှစတင်၍ ရုပ်သိမ်းကြောင်း အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်