ရုပ်ရှင်ရုံများအား ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့(မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ပြန်လည်ဖွင့်လှစ်ပြသသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာချက်


Ministry of Information/ Naypyitaw / March 23, 2022


Coronavirus Disease 2019 (COVID-19) သည် ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနိုင်သည့် ကမ္ဘာ့ကပ်ရောဂါဖြစ်ကြောင်း ၁၁-၃-၂၀၂၀ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ် ကြေညာခဲ့သည့်အတွက် COVID-19 ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများမှတစ်ဆင့် လျင်မြန်စွာ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများ၏ ကျန်းမာရေးကို အလေးပေး ရှေးရှုသောအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ပြသခြင်းများအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၆) ရက်နေ့မှ စတင်၍ ရပ်ဆိုင်းထားရန် အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေများအပေါ် သုံးသပ်ချက်များအရ   ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့မှုနှုန်းနှင့် သေဆုံးမှုနှုန်းတို့မှာ သိသာစွာ ကျဆင်းလာကြောင်း တွေ့ရှိရပါသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ အစီအမံများနှင့်အညီ ပြုစုထားသည့် “ရုပ်ရှင်ပြသရာတွင် လိုက်နာဆောင်ရွက်ရမည့် စံပြုသတ်မှတ်ချက် (Standard Operating Procedures-SOP)”နှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်ပြီး ပထမအဆင့်ပြသရန် လျာထားသည့် ရုပ်ရှင်ရုံ(၆၀)ခန့်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့ (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ပြန်လည်ဖွင့်လှစ်ပြသသွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

(၂၃-၃-၂၀၂၂ ရက်နေ့)