ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဘုရားဖွင့်ချိန် ပြောင်းလဲသတ်မှတ်ခြင်း


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ နေပြည်တော် / June 11, 2024
image


   ရွှေတိဂုံစေတီတော်မြတ်ကြီးအား မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိ ဘုရားဖူးပြည်သူများ ဖူးမြော် နိုင်ရေးအတွက် ယခင်က ဘုရားဖွင့်ချိန် နံနက် ၀၅ ၀၀ နာရီမှ ၂၁ ၀၀ နာရီအထိ ဖွင့်လှစ်လျက်ရှိရာ ဘုရားဖူးများ ပိုမိုဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် ဘုရားဖွင့်ချိန်အား ၂၁-၆-၂၀၂၄ ရက်၊ နယုန် လပြည့် (မဟာသမယအခါတော်နေ့)မှစ၍ နံနက် ၀၄ ၀၀ နာရီမှ ၂၂ ၀၀ နာရီအချိန်အထိ ပြောင်းလဲ သတ်မှတ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်စေရန် အသိပေးကြေညာအပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန