သတ်မှတ်ရက်အတွင်း အခွန်ထမ်းမှတ်ပုံတင်အမှတ်လျှောက်ထားကြရန် အသိပေးနှိုးဆော်ချက်


Ministry of Planning and Finance/ location / July 17, 2022


၁။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၁-၄-၂၀၂၂ ရက်နေ့မတိုင်မီ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ် သတ်မှတ်ခြင်း မပြုရသေးသည့် ပုဂ္ဂိုလ်စု/အဖွဲ့အစည်းများဖြစ်ပါက ၃၀-၆-၂၀၂၂ ရက်နေ့ နောက်ဆုံးထား လျှောက်ထားကြရန်နှင့် ၁-၄-၂၀၂၂ ရက်နေ့မှစ၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာနတွင် မှတ်ပုံတင်ပြီးသည့် ပုဂ္ဂိုလ်စု/အဖွဲ့အစည်းများဖြစ်ပါက မှတ်ပုံတင်ပြီးသည့်နေ့မှ ရက်ပေါင်း (၉၀) အတွင်း နောက်ဆုံးထား လျှောက် ထားကြရန် ၆-၅-၂၀၂၂ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများတွင်လည်းကောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ Website တွင်လည်း ကောင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။  အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayers Identification Number- TIN) ရရှိပြီးသည့် အခွန်ထမ်းကုမ္ပဏီ၊ အဖွဲ့အစည်းများ အနေဖြင့်အခွန်ပေးဆောင်ခြင်း၊ အခွန်ကြေညာလွှာတင်သွင်းခြင်း အစရှိသော ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ဆက်သွယ် ဆောင် ရွက်မှုများ ပြုလုပ်ရာတွင်လည်းကောင်း၊ ငွေပေးချေမှုများဆောင်ရွက်ခြင်း၊ ကုန်စည်တင်သွင်းခြင်း၊ ပို့ကုန်/သွင်းကုန် လိုင်စင် လျှောက်ထားခြင်း၊ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခြင်းအပါအဝင် လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်ရာတွင်လည်းကောင်း အခွန်ထမ်း မှတ်ပုံတင်အမှတ်ကို မပျက်မကွက်အသုံးပြုရမည် ဖြစ် ကြောင်းကိုလည်း အသိပေးထားပြီးဖြစ်ပါသည်။

၃။      အခွန်ထမ်းမှတ်ပုံတင်အမှတ်လျှောက်ထားပါက အခွန်ထမ်းမှတ်ပုံတင်အမှတ်၊ ဆက်သွယ်ဆောင်ရွက်ရမည့် အခွန်ရုံးတို့ ဖော်ပြ ပါရှိသည့် အခွန်ထမ်းမှတ်ပုံတင်လက်မှတ်ကို လက်ခံရရှိမည်ဖြစ်ပါသည်။ အခွန်ထမ်းကုမ္ပဏီအနေဖြင့် အဆိုပါ အခွန်ထမ်းမှတ်ပုံတင် အမှတ်ကို အသုံးပြုကာ သက်ဆိုင်ရာအခွန်ရုံး၌ လစဉ်ကုန်သွယ်လုပ်ငန်းခွန် ပေးသွင်းခြင်း၊ ဝင်ငွေခွန်ကို သုံးလတစ်ကြိမ် ပေးဆောင် ခြင်း၊ သုံးလပတ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာတင်သွင်းခြင်း၊ အထူးကုန်စည် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဖြစ်ပါက သုံးလ တစ်ကြိမ် အထူးကုန်စည်ခွန် ကြေညာလွှာတင်သွင်းခြင်း၊ နှစ်ချုပ်ကြေညာလွှာတင်သွင်းခြင်း၊ ကုမ္ပဏီဝန်ထမ်းများအတွက် လစာ ဝင်ငွေခွန် ပေးသွင်းခြင်း၊ Withholding Tax နုတ်ယူပေးသွင်းခြင်း၊ အခွန်ကင်းလွတ်ခွင့်လျှောက်ထားခြင်း၊ အခွန်ပြန်အမ်းငွေ တောင်းခံထုတ်ယူခြင်းစသည့် အခွန်ဆိုင်ရာလုပ်ငန်းစဉ်များကို လွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၄။      MIC ကင်းလွတ်ခွင့်ကဲ့သို့သော အခွန်ကင်းလွတ်ခွင့်ခံစားနေသည့် ကုမ္ပဏီလုပ်ငန်းရှင်များ အနေဖြင့်လည်း အခွန်ကင်းလွတ်ခွင့် ခံစားနေသည့်ကာလများတွင် Withholding Tax နုတ်ယူပေးသွင်းခြင်း၊ အခွန်ကြေညာလွှာတင်သွင်းခြင်းနှင့် ကုမ္ပဏီဝန်ထမ်းများ အတွက် လစာဝင်ငွေခွန်ပေးသွင်းခြင်း လုပ်ငန်းစဉ်တို့ကို မပျက်မကွက်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် အခွန်ထမ်းမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို သတ်မှတ်ရက်အတွင်း အလေးထားဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

၅။      အခွန်ထမ်းမှတ်ပုံတင်အမှတ်လျှောက်ထားခြင်းလုပ်ငန်းစဉ်ကို ပြည်တွင်းအခွန်များဦးစီးဌာန၏ https://www.ird.gov.mm/sites/default/files/TIN_Registration_Pamphlet_Amended.pdf တွင်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ https:// www.dica.gov.mm/​​​​​​​mm/publications တွင်လည်းကောင်း ဝင်ရောက်လေ့လာနိုင်ပါသည်။ အခွန်ဆိုင်ရာသိရှိလိုသည်များရှိပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး၊ အမှတ်၊ ၁၂၈/၁၃၂၊ ဒုတိယထပ်နှင့် တတိယထပ်၊ ပန်းဆိုး တန်းလမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် - ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂ ၊ ၀၁-၈၃၇၈၃၇၀၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်)၊ ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန ဖုန်းနံပါတ်-၀၆၇-၃၄၃၀၅၂၊ ၀၆၇- ၃၄၃၀ ၅၃၃၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း ၊ ၂၂ × ၂၃ လမ်းကြား၊ ဖုန်းနံပါတ်-၀၂-၄၀၃၀၁၉၂ သို့ဆက်သွယ်မေးမြန်း စုံစမ်း နိုင်ပါသည်။

 

​​​​​​​ပြည်တွင်းအခွန်များဦးစီးဌာန