အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ နေပြည်တော်အချုပ်ထောင်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ) အကြိမ် ထိုးနှံပေးမှု
အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ နေပြည်တော်အချုပ်ထောင်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ) အကြိမ် ထိုးနှံပေးမှု
Ministry of Home Affairs/ နေပြည်တော် / August 27, 2021

အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ နေပြည်တော်အချုပ်ထောင်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ) အကြိမ် ထိုးနှံပေးမှု
အကျဉ်းဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ ကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/ အချုပ်ထောင်/စခန်းများတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများနှင့် အမှုရင်ဆိုင်လျက် ရှိသော အချုပ်သား/သူများအား (ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိရာ ၂၅-၈-၂၀၂၁ ရက်နေ့၌ နေပြည်တော်အချုပ်ထောင်ရှိ အကျဉ်းသား ၁၄ ဦး၊ အကျဉ်းသူ ၁၀ ဦး၊ အချုပ်သား ၃၆၉ ဦး၊ အချုပ်သူ ၅၇ ဦး၊ ပေါင်း ၄၅၀ ဦးတို့အား အကျဉ်းထောင်မှဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
၂၅-၈-၂ဝ၂၁ ရက်နေ့တွင် နေပြည်တော်အချုပ်ထောင်တွင် အကျဉ်းသား/သူ၊ အချုပ်သား/သူ များအား (ဒုတိယ) အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေပုံ