၂၀၂၃ ခုနှစ်၊ နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိပိုင်၊ ဖက်စပ်ပိုင် ကဏ္ဍများရှိ အလုပ်ဌာနနှင့် အလုပ်သမားဦးရေစာရင်း ညှိနှိုင်းစာရင်းတောင်းခံနေမှုများ


Ministry of Labour/ ရုံးအမှတ် (၅၁)၊ နေပြည်တော် / July 27, 2023
image


အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် ၁၉၄၈ ခုနှစ်၊ အလုပ်အကိုင်ဆိုင်ရာ စာရင်း စစ်တမ်းယူခြင်း အက်ဥပဒေအရ နိုင်ငံအတွင်းရှိ ဆိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်သမားဦးရေစာရင်းများကို သိရှိနိုင်ရန် ၁၉၈၆ ခုနှစ်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့ပြဒေသများမှ နိုင်ငံပိုင်ကဏ္ဍ၊ သမဝါယမပိုင်ကဏ္ဍ၊ ပုဂ္ဂလိကပိုင်ကဏ္ဍများရှိ အလုပ်ဌာန၊ အလုပ်သမားဦးရေစာရင်းနှင့် ကိုယ်တိုင်/အခြား လုပ်ကိုင်သူများကို ၂ နှစ်လျှင်တစ်ကြိမ် ကောက်ယူခဲ့ပါသည်။ ပိုင်ဆိုင်မှုကဏ္ဍနှင့်ပတ်သက်၍ ၁၉၉၀ ခုနှစ်မှစ၍ ဖက်စပ်ပိုင်ကဏ္ဍကိုပါ ထည့်သွင်းကောက်ယူခဲ့ပါသည်။ ၂၀၀၂ ခုနှစ်မှစတင်၍ ၁ နှစ်လျှင်တစ်ကြိမ် ကောက်ယူခဲ့ပြီး ၂၀၁၃ ခုနှစ်မှစတင်ပြီး မြို့ပြဒေသများအပြင် ကျေးလက်ဒေသများရှိ စာရင်းများနှင့် ကိုယ်တိုင်/ အခြား လုပ်ကိုင်သူ လုပ်ငန်းအမျိုးအစား ယခင် (၆၂) မျိုးမှ (၁၀၁) မျိုးထိ တိုးမြှင့်ကောက်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်ထိ မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် အချက်အလက်များအား အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကိုဗစ် -၁၉ ကူးစက်ရောဂါကြောင့် မြေပြင် ကွင်းဆင်းကောက်ယူခြင်းကိုရပ်နားခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ပိုင်ဆိုင်မှုကဏ္ဍအလိုက် ဆိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်သမားဦးရေစာရင်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများ ဖြစ်သည့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေး ကော်မတီတို့ထံမှ ညှိနှိုင်းစာရင်း ကောက်ယူ၍ အချက်အလက်များအား ပြုစု၍ အစီရင်ခံစာအား ထုတ်ပြန်နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင်လည်း ပိုင်ဆိုင်မှုကဏ္ဍအလိုက် ဆိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့်   အလုပ်သမားဦး ရေစာရင်းများကို စာရင်းကောက်ရည်ညွှန်းကာလဖြစ်သည့် ၁-၇-၂၀၂၃ ရက်နေ့မှ ၃၁-၈-၂၀၂၃ ရက်နေ့ထိ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများထံမှ ညှိနှိုင်းစာရင်းကောက်ယူလျက်ရှိပါသည်။

Download