အရည်အချင်းစစ်စာမေးပွဲများ ကျင်းပမည့်နေ့ရက် အသိပေးကြေညာခြင်း


Anti-corruption Commission/ anti-corruption commission / August 23, 2019


အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးအနေဖြင့် ၂၉-၇-၂၀၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ကော်မရှင်ရုံး၌ လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် အလုပ်လျှောက်လွှာများ ခေါ်ယူခဲ့ပါသည်-

(က) ဒုတိယစုံစမ်းရေးမှူး ၁၉၈၀၀ဝိ-၂၀၀ဝိ-၂၀၈၀၀ဝိ (၂၅) နေရာ

(ခ) လက်ထောက်စုံစမ်းရေးမှူး ၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ (၃၀) နေရာ

(ဂ) ဒုတိယလက်ထောက်ဦးစီးမှူး ၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ (၈၀) နေရာ

အဆိုပါ ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲအား အောက်ပါအတိုင်း ဆောင်ရွက် သွားပါမည်-

(က) ဒုတိယစုံစမ်းရေးမှူး ရာထူး

(၁) ဖြေဆိုမည့်နေ့ရက် - ၂၁-၉-၂၀၁၉ စနေနေ့)

(၂) ဖြေဆိုမည့်အချိန် - ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီထိ မြန်မာစာ)

- ၁၂:၀၀ နာရီမှ ၁၄:၀၀ နာရီထိ (အင်္ဂလိပ်စာ)

- ၁၄:၃၀ နာရီမှ ၁၆:၃၀ နာရီထိ(အထွေထွေဗဟုသုတ)

(ခ) လက်ထောက်စုံစမ်းရေးမှူး/ဒုတိယလက်ထောက်ဦးစီးမှူးရာထူး

(၁) ဖြေဆိုမည့်နေ့ရက် - ၂၂-၉-၂၀၁၉ တနင်္ဂနွေနေ့)

(၂) ဖြေဆိုမည့်အချိန် - ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီထိ အင်္ဂလိပ်စာ)

- ၁၂:၀၀ နာရီမှ ၁၄:၀၀ နာရီထိ(အထွေထွေဗဟုသုတ)

(ဂ) ဖြေဆိုမည့်နေရာ။ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့ (မိမိဖြေဆိုရန် ဆန္ဒပြုလျှောက်ထားသည့်မြို့တွင် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုမည့်နေရာအား စာမေးပွဲဖြေဆိုခွင့်ကတ် ထုတ်ပေးချိန်တွင် ကြော်ငြာထားပါမည်။)

(ဃ) ဖြေဆိုခွင့်ကတ် ထုတ်ပေးမည့်ရက်။ ၁၈-၉-၂၀၁၉ ရက်နေ့မှ ၂၀-၉-၂၀၁၉ ရက် နေ့ထိ မိမိဖြေဆိုရန် လျှောက်ထားသည့်မြို့ရှိ ရုံး၊ ရုံးခွဲများတွင် ရုံးချိန်အတွင်း လာရောက်ထုတ်ယူရမည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ ကာယကံရှင် ကိုယ်တိုင်လာရောက်ထုတ်ယူရမည်။)

​​​​​​​

အသေးစိတ်သိရှိလိုပါက နေပြည်တော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ အုပ်ချုပ်မှုဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၈၁၀၃၂၇၂ သို့ဖြစ်စေ၊ ကော်မရှင် ရုံးခွဲ(ရန်ကုန်)၏ တယ်လီဖုန်းအမှတ်၊ ၀၁-၅၃၂၆၀၇ သို့ဖြစ်စေ၊ ကော်မရှင်ရုံးခွဲ(မန္တလေး)၏ တယ်လီဖုန်းအမှတ်၊ ၀၂-၄၀၅၆၀၇၉ သို့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။