အိန္ဒိယသမ္မတနှင့် ဇနီးတို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်
အိန္ဒိယသမ္မတနှင့် ဇနီးတို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်
နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / December 07, 2018
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့၏ ဖိတ်ကြားချက်အရ အိန္ဒိယ သမ္မတနိုင်ငံ၊ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နှင့် ဇနီး ရှရီမတီ ဆာဗီးတာ ကိုဗင့်ဒ်တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေ ပြည် တော်
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်