မြန်မာနိုင်ငံ၏ အကြီးဆုံးဖြစ်လာမည့် ဆီသိုလှောင်ကန်နှင့် မီးဖိုချောင်သုံး ဓာတ်ငွေ့ ရည် သိုလှောင်ကန်ကို ၂၀၂၁ ခုနှစ်အပြီး တည်ဆောက်သွားမည်
မြန်မာနိုင်ငံ၏ အကြီးဆုံးဖြစ်လာမည့် ဆီသိုလှောင်ကန်နှင့် မီးဖိုချောင်သုံး ဓာတ်ငွေ့ ရည် သိုလှောင်ကန်ကို ၂၀၂၁ ခုနှစ်အပြီး တည်ဆောက်သွားမည်
Ministry of Information/ yangon / June 10, 2019

ရန်ကုန် ဇွန် ၉
PTT Oil and Retail Business Public Company Limited နှင့် ကမ္ဘောဇအုပ်စုဝင် ကုမ္ပဏီဖြစ်သည့် Brighter Energy Company Limited နှင့် Brighter Energy Retail Company Limited တို့၏ မြန်မာနိုင်ငံအတွင်း ဆီသိုလှောင်ကန်နှင့် စက်သုံး ဆီ လက်လီဆိုင်များ အကျိုးတူပူးပေါင်းဆောင်ရွက်မှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ Lotte Hotel Crystal Ballroom ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး၊ PTT Public Company Limited (PTT) ၏ Mr. Chansin Treenuchagron ၊ PTT Oil and Retail Business Public Company Limited (PTTOR) ၏ ဥက္ကဋ္ဌ Mr. Auttapol Rerkpiboon နှင့် ဘုတ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးများမှ သံအမတ်ကြီးများ၊ Brighter Energy မှ တာဝန် ရှိသူများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ကုမ္ပဏီလုပ်ငန်း အကြောင်းကို တက်ရောက်လာသူများအား ဗီဒီယိုဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Ms. Suphatra Srimaitreephithak ၊ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ကမေ႓ာဇ အုပ်စု၏ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်၊ PTT ဥက္ကဋ္ဌ Mr. Chansin Treenuchagron နှင့် PTTOR ဥက္ကဋ္ဌ Mr. Auttapol Rerkpiboon တို့က အမှာ စကား ပြောကြားကြသည်။
လက်မှတ်ရေးထိုး
ဆက်လက်၍ ဆီသိုလှောင်ကန် လုပ်ငန်းအကျိုးတူ ဖွံ့ဖြိုးရေးအတွက် ကမ္ဘောဇအုပ်စု ဝင် ကုမ္ပဏီဖြစ်သော Brighter Energy Company Limited နှင့် PTTOR တို့ သဘောတူ လက်မှတ်ရေးထိုးကြပြီး စက်သုံးဆီ လက်လီဆိုင်များ ဆောင်ရွက်သွားရန် အတွက် PTTOR နှင့် Brighter Energy Company Limited သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခုကဲ့သို့ လက်မှတ်ရေးထိုးခဲ့ ခြင်းကြောင့် မြန်မာနိုင်ငံ၏ အကြီးဆုံး ဖြစ်လာမည့် ဆီသိုလှောင်ကန်နှင့် မီးဖို ချောင်သုံးဓာတ်ငွေ့ရည် (LPG)သိုလှောင်ကန်ကို ၂၀၂၁ ခုနှစ် အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝန်ဆောင်မှုများ ပါဝင်မည်
ထို့အတူ စက်သုံးဆီများ လက်လီ ရောင်းချမည့် PTT Station စက်သုံးဆီ ဆိုင်ပေါင်း ၇၀ ကို ၂၀၂၃ ခုနှစ်မတိုင်မီ နိုင်ငံအနှံ့အပြားတွင် တိုးချဲ့ဖွင့်လှစ် သွားနိုင်ရန်ရည်မှန်း ထားပြီး နိုင်ငံတကာ အဆင့်မီ အရည်အသွေး၊ မှန်ကန်တိကျသော အခြင်အတွယ်နှင့် သင့်တင့်မျှတသော ဈေးနှုန်းတို့ဖြင့် ပြည်သူများအား ရောင်းချသွားမည်ဖြစ်ကြောင်း၊ အဆိုပါ PTT Station စက်သုံးဆီဆိုင်များ တွင် Cafe Amazon ကော်ဖီဆိုင်၊ မီနီမတ်၊ ကားအင်ဂျင်ဝိုင်ဆားဗစ်၊ ငွေလဲကောင်တာနှင့် အများပြည်သူနားနေခန်း စသည့်နိုင်ငံ တကာအဆင့်မီ ဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွား တိုးတက်လာစေရန် ဒေသခံ SME လုပ်ငန်းများဖြင့်လည်း ပူးပေါင်း လက်တွဲ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
PTT Oil and Retail Business Public Company Limited (PTTOR) သည် ထိုင်း နိုင်ငံပိုင် PTT Public Company Limited (PTT) Group ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်ပြီး PTT Group ၏ အဓိကအားထားရ သော ရေနံနှင့် LPG ဖြန့်ချိရေး ကုမ္ပဏီ တစ်ခုဖြစ်သည်။ PTTOR သည် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် PTT Station စက်သုံးဆီဆိုင်ပေါင်း ၂၀၀၀ ကျော် ဖွင့်လှစ်ထားပြီး ဖြစ်သည်။
ကမ္ဘောဇအုပ်စုသည် နိုင်ငံတော်အတွက် အကျိုးပြုသည့် စီးပွားရေးလုပ်ငန်းများကို ရွေးချယ်လုပ်ကိုင်ခဲ့ရာတွင် ငွေကြေး ကဏ္ဍတွင် ဘဏ် လုပ်ငန်း၊ အာမခံလုပ်ငန်း၊ အရင်းအနှီး ဈေးကွက်ဝန်ဆောင်မှု လုပ်ငန်း (Securities) ၊ အသေးစားငွေချေး လုပ်ငန်း စသည့်လုပ်ငန်းများတွင် ဦးဆောင် လုပ်ကိုင်လျက်ရှိပြီး လေကြောင်း၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ သတ္တု တူးဖော်ရေး၊ ကုန်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွား လာရေး၊ ကျန်းမာရေး၊ နည်းပညာဆိုင်ရာ လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက် ရှိသည်။
ငွေကျပ် ၁၅၅ ဘီလီယံ လှူဒါန်းပြီး
လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့်အလျောက် နိုင်ငံတော် ၏အခွန်ကို ခုနစ်နှစ်ဆက် အများဆုံး ပေးဆောင်ထားပြီး ပြည်သူနှင့် လူမှုအဖွဲ့အစည်းများ၏ လိုအပ်ချက်များအတွက် ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းက လည်း ယနေ့ အထိ ငွေကျပ် ၁၅၅ ဘီလီယံ လှူဒါန်းထားပြီး ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်