Ministry of Sports and Youth Affairs / Posted on June 29, 2022
Ministry of Cooperatives and Rural Development / Posted on June 27, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနား
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၂) အထိမ်းအမှတ်အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်မှစတင်ပြီး ကမ္ဘာ့မူပိုင်ခွင့်နေ့ အခမ်းအနားများကိုကျင်းပခဲ့ရာ ယခုအကြိမ်သည် (၈) ကြိမ် မြောက်ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင်ကျ ရောက်သည့် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ်အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ဦးဆောင် ကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယခုနှစ်အတွက် ကမ္ဘာ့မူပိုင်ခွင့်နေ့ ဆောင်ပုဒ်မှာ IP and Youth; Innovating for A Better Future “မူပိုင်ခွင့်နှင့် ယနေ့လူငယ်၊ အနာဂတ်လှပစေဖို့ ဆန်းသစ်တီထွင်ကြပါစို့” ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက် (၃) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူပိုင်ခွင့်များကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ခြင်းအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာစေနိုင်ခြင်း၊ အဆင့် မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်စေခြင်းဖြင့် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်လာနိုင်ခြင်း၊ တီထွင်ဖန်တီးသူနှင့် သုံးစွဲသူများအကြား အကျိုးအမြတ်ကို မျှတစွာခွဲဝေခံစားစေခြင်းအားဖြင့် စာပေနှင့် အနုပညာ၊ စက်မှုလက်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုများပေါ်ထွန်းလာနိုင်ခြင်းနှင့် လူနေမှုအဆင့်အတန်းမြင့်မားလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ရာ မူပိုင်ခွင့် ကဏ္ဍအနေဖြင့် နိုင်ငံ့စီးပွားရေးကို အရှိန်အဟုန်ဖြင့် ဖွံဖြိုးတိုးတက်နိုင်ရေးအတွက် အထောက် အပံ့ဖြစ်စေမည်ဖြစ်ကြောင်း၊ ယခုနှစ်ကမ္ဘာ့မူပိုင်ခွင့်နေ့ ဆောင်ပုဒ်နှင့်အညီ ယနေ့ခေတ်လူငယ်များက အနာဂတ်ပိုမိုလှပစေမည့် ဆန်းသစ်တီထွင်မှုများကို ဖန်တီးလာနိုင်စေရန်အတွက် မူပိုင်ခွင့်အကာအကွယ်ပေးခြင်းစနစ် တည်ထောင်ရာတွင် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာ စကားပြောကြားခဲ့ပြီး ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့မှ ပေးပို့သည့်သဝဏ်လွှာကို မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်က ဖတ်ကြားခဲ့ကာ၊ ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ်လက်ရာများနှင့် မူပိုင်ခွင့်ဦးစီး ဌာန၏ လှုပ်ရှားမှုမှတ်တမ်းများကို Video Clip ဖြင့် ပြသခဲ့သည်။ ထို့နောက် ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၂) အထိမ်းအမှတ် ကဗျာ၊ ပိုစတာနဲ့ ကာတွန်းပြိုင်ပွဲများမှာ ဆုရရှိခဲ့ကြသူများနှင့် ဂုဏ်ပြုတေး ရေးစပ်သီကုံးသူ၊ တီးခတ်ပေးခဲ့သူများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခဲ့သည်။ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက Inperson ဖြင့် လည်းကောင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်း ရှင်များက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Ministry of Immigration & Population / Posted on March 08, 2021
Ministry of Transport and Communications / Posted on September 27, 2020
Ministry of Transport and Communications / Posted on June 14, 2020