အငြိမ်းစားဝန်ထမ်းများ၏ တိုးမြှင့်ပင်စင်ငွေပေးမိန့်များ စိစစ်တွက်ချက်ထုတ်ပြန်၍ မြန်မာ့စီးပွားရေး ဘဏ်ခွဲများသို့ ပေးပို့လျက်ရှိ
အငြိမ်းစားဝန်ထမ်းများ၏ တိုးမြှင့်ပင်စင်ငွေပေးမိန့်များ စိစစ်တွက်ချက်ထုတ်ပြန်၍ မြန်မာ့စီးပွားရေး ဘဏ်ခွဲများသို့ ပေးပို့လျက်ရှိ
Ministry of Information/ နေပြည်တော် / June 21, 2019

နေပြည်တော် ဇွန် ၂၀
နိုင်ငံတော်အစိုးရသည် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ပင်စင်လစာမှစတင်၍ တိုးမြှင့်ခံစားခွင့်ပြုခဲ့ပြီးဖြစ်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင် ဦးစီးဌာနအနေဖြင့် ပင်စင်စားတစ်ဦးချင်းစီအတွက် တိုးမြှင့်ပင်စင်ငွေပေးမိန့်များ စိစစ်တွက်ချက် ထုတ်ပြန်၍ မြန်မာ့စီးပွားရေး ဘဏ်ခွဲအသီးသီးသို့ နေ့စဉ်ပေးပို့လျက်ရှိပြီး အငြိမ်းစား ဝန်ထမ်း များ၏ တိုးမြှင့်ပင်စင် လစာများ ဆောလျင်စွာခံစားရရှိနိုင်စေရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနက် ကာကွယ်ရေးဝန်ကြီးဌာန (တပ်မတော်သား) အငြိမ်းစား များအတွက် ကာကွယ်ရေး ဝန်ကြီးဌာန၊ ငွေစာရင်းရုံးများမှ လည်းကောင်း၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနှင့် စည်ပင်သာယာရေးအဖွဲ့အစည်းများမှ အငြိမ်းစားများအတွက် ၎င်းတို့ သက်ဆိုင်ရာ လုပ်ငန်း၊ အဖွဲ့အစည်းများမှလည်းကောင်း တိုးမြှင့်ပင်စင်များ တွက်ချက် ဆောင်ရွက်ပေးလျက်ရှိသည်။
ပင်စင်ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့် မြို့ပြပင်စင်စားများနှင့် နိုင်ငံရေး ပင်စင် စားများအတွက်ဇွန် ၁၉ ရက်အထိ တိုးမြှင့်ပင်စင်ငွေပေးမိန့် ထုတ်ပြန်ပြီးစီးသည့်ဦးရေမှာ မြို့ပြ ပင်စင်စား ၃၇၈၅၅၁ ဦး၊ နိုင်ငံရေးပင်စင်စား ၅၁၅၇၁ ဦးဖြစ်သည်။
မိဘပြည်သူ ပင်စင်စားကြီးများအနေဖြင့် မိမိတို့ပင်စင်ထုတ်ယူရာ မြန်မာစီးပွားရေးဘဏ်ခွဲများ သို့ ဆက်သွယ်၍ တိုးမြှင့် ပင်စင်လစာများ ထုတ်ယူနိုင်ပါရန်နှင့် တိုးမြှင့်ပင်စင်ငွေပေးမိန့်များ မရောက်ရှိပါက ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။
သတင်းစဉ်