(54) Anniversary Of Myanmar Police Day Ceremory
(54) Anniversary Of Myanmar Police Day Ceremory
Mon State Government/ Mawlamyine City , Mon State / October 01, 2018
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ( ၁) ရက်နေ့တွင် ကျရောက်သည့် (၅၄) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနားကို (၀၉၀၀)နာရီအချိန်တွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရာမညဇာနည်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၊ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်ဥပဒေချုပ်၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ အဖွင့်အမှာစကားပြောကြား၍ (၅၄) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးမှ ပေးပို့သည့်သဝဏ်လွှာအား မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးမှ ဖတ်ကြားခြင်း၊ ဆုရတပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်ခြင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုအား ပြသပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။