ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကော့သောင်းမြို့ ရွှေ့ပြောင်းအလုပ်သမားရုံး၌ ဒုတိယဝန်ကြီး တွေ့ဆုံမှာကြား
ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကော့သောင်းမြို့ ရွှေ့ပြောင်းအလုပ်သမားရုံး၌ ဒုတိယဝန်ကြီး တွေ့ဆုံမှာကြား
Ministry of Labour/ ရုံးအမှတ် (၅၁) ၊ နေပြည်တော် / March 22, 2023
ကော့သောင်း မတ် ၂၁။
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့မှ ကော့သောင်းမြို့သို့ ရောက်ရှိပြီး နေ့လယ်ပိုင်းတွင် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဦးစီး ဌာနများမှ တာဝန်ခံ အရာရှိများနှင့် ကော့သောင်းမြို့ ရွှေဝက်ဝံတံတား ရွှေ့ပြောင်းအလုပ် သမားရုံး၌ ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တွေ့ဆုံမှာကြားခဲ့သည်။
ဒုတိယဝန်ကြီးက ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ ပြည်ပအလုပ် အကိုင်ရှာဖွေသူများအနေဖြင့် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး ပြည့်ပသို့ စနစ် တကျ သွားရောက်လုပ်ကိုင်နိုင်ရန်နှင့် ပြည်ပအလုပ်အကိုင်အမျိုးအစားအလိုက် ရရှိခဲ့သော အတွေ့အကြုံနှင့် အသိပညာများ၊ အတတ်ပညာများကို ပြည်တွင်းတွင် စနစ်တကျ ပြန်လည် အသုံးချ ဆောင်ရွက်ခွင့် ရရှိနိုင်ရန် တရားဝင် ခွင့်ပြုပေးထားသည့် ပြည်ပအလုပ်အကိုင်အကျိုး ဆောင်လိုင်စင်ရအေဂျင်စီများဖြင့် စေလွှတ်ပေးလျက်ရှိကြောင်း၊
အလုပ်သမားများသည် ပြည်ပသို့ မထွက်ခွာမီ ပြည်ပအလုပ်အကိုင်ရှာဖွေသူအဖြစ် ဦးစီး ဌာနတွင် မှတ်ပုံတင်ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူကာ ကျန်းမာကြောင်း ထောက်ခံချက် လက်မှတ်ရယူ၍ ပြည်ပရောက်ရှိက သက်ဆိုင်ရာမြန်မာသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးသို့ သတ်မှတ်ချက်များနှင့်အညီ သတင်းပို့ရမည့်အပြင် ပြည်ပတွင် အလုပ်ခွင် ထိခိုက်မှုအတွက် ရထိုက်ခွင့်ရှိသည့် လျော်ကြေး၊ နစ်နာကြေး အပြည့်အဝ ရရှိစေရေးအတွက် ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ အကျိုးဆောင်မှတစ်ဆင့် တောင်းဆိုခွင့်ရှိကြောင်း၊
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများသည် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ လိုက်နာရမည့် စည်းကမ်းချက်များကို လေးစား လိုက်နာ ရမည်ဖြစ်ပြီး အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ပြည်ပလုပ်ငန်းရှင်နှင့် ဆက်သွယ်၍ ရပိုင်ခွင့်နှင့် အခွင့်အရေးများ အပြည့်အဝ ရရှိ ခံစားနိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊
ပြည်ပအလုပ်ကိုင်ဆိုင်ရာ ဥပဒေအရ သတ်မှတ်ထားသည့် ဝန်ဆောင်ခသာ အလုပ်သမား ထံမှ တောင်းဆိုခွင့်ရှိကြောင်း၊ သတ်မှတ်သည့် ဝန်ဆောင်ခထက် ပိုမိုတောင်းခံရယူကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း၊
မည်သူမဆို အကျိုးဆောင်လိုင်စင်မရှိပဲ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း၊
အလုပ်သမားစေလွှတ်ပေးသည့်အေဂျင်စီနှင့် သွားရောက်မည့်အလုပ်သမားတို့အကြား စေလွှတ်ခြင်းဆိုင်ရာ နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုရမည့်အပြင် အလုပ်သမားများအား အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်တွင် မြန်မာ/ အင်္ဂလိပ်၊ သက်ဆိုင်ရာနိုင်ငံ ဘာသာတို့ ဖြင့် ချုပ်ဆိုရန်နှင့် စည်းကမ်းချက်၊ သတ်မှတ်ချက်များကို အပြည့်အဝ နားလည်သဘောပေါက်စေ ရေးအတွက် အလုပ်သမားများအား ရှင်းလင်းစွာ ပြောကြားပြီး အလုပ်သမားက သဘော တူညီမှသာ သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးစေရမည်ဖြစ်ကြောင်း၊
ပြည်ပသို့ ထွက်ခွာမည့် အလုပ်သမားများအား အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံးများတွင် မှတ်ပုံတင်၍ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြား (OWIC) ကတ် ထုတ်ယူ၍ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ၂၅-၂-၂၀၂၃ ရက်နေ့တွင် ကြေးမုံသတင်းစာ၌ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းနှင့် OWIC လျှောက်ထားခြင်းများနှင့်ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရေး အသိပေးကြေညာထားပြီး ဖြစ်ကြောင်း၊
မိမိအစီအစဉ်ဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် ကျွမ်းကျင်အလုပ်သမားများ၊ ခွင့်ပြန်အလုပ်သမားများ၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ဖြင့် နေထိုင် လုပ်ကိုင်သူများမှ ပြည်ပအလုပ် အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့်နှင့် OWIC ပြုလုပ်ခွင့်များ တင်ပြလာပါက အလုပ် သမားညွှန်ကြားရေးဦးစီးဌာနမှ ရုံးဖွင့်ရက် ၂ ရက်မှ ၃ ရက်အတွင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်စိစစ်ခွင့်ပြုပေးလျက်ရှိရာ ပွဲစား/အေဂျင်စီများထံ ဝန်ဆောင်ခအဖြစ် ငွေကြေး အဆ မတန်ပေး၍ လုပ်ငန်းအပ်နှံခြင်းမပြုဘဲ OWIC ကတ်ရရှိရေး မိမိကိုယ်တိုင် တင်ပြလျှောက် ထားရမည်ဖြစ်ကြောင်း၊
ပြည်ပသို့ တရားဝင်ရွှေ့ပြောင်းလုပ်ကိုင်ဆောင်ရွက်ရခြင်းကြောင့် သင့်တင့်သည့်ဝင်ငွေမှ လူမှုစီးပွား ဘဝတိုးတက်စေခြင်း၊ အတွေ့အကြုံ ဗဟုသုတရရှိစေခြင်း၊ အလုပ်အကိုင် အခွင့် အလမ်းများ ပိုမိုရရှိခြင်း၊ လွှဲပို့ငွေမှတစ်ဆင့် နိုင်ငံတော်၏ GDP မြှင့်တင်စေခြင်း၊ မိသားစု စားဝတ်နေရေး အဆင်ပြေမှုများ ရရှိနိုင်ကြောင်း၊
တရားမဝင် သွားရောက်သူများအနေဖြင့် လူကုန်ကူးခံရခြင်း၊ အကြမ်းဖက်ခံရခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခံရခြင်း၊ အန္တရာယ်ရှိပြီး ကျန်းမာရေးနှင့် မညီညွတ်သော လုပ်ငန်းခွင်များ တွင် လုပ်ကိုင်ရခြင်းတို့နှင့် ကြုံတွေ့ရနိုင်ကြောင်း၊
သို့ဖြစ်၍ အခက်အခဲရှိပါက တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်မြို့နယ်များရှိ အလုပ် အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများနှင့် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ Compliants Mechanism Center များသို့ တိုင်ကြားနိုင်ကြောင်း၊
ဥပဒေချိုးဖောက်သူများကို ကာယကံရှင်ကိုယ်တိုင် စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ တိုင်ကြားနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
Newspaper - 2264 items

၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ မေ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 25, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၆ ရက် နေ့၊ မေ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၅ ရက် နေ့၊ မေ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၃ ရက် နေ့၊ မေ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၂ ရက် နေ့၊ မေ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၄ ရက် နေ့၊ မေ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 18, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download