Latest News - 65138 items

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေးခံစားခွင့်ပြုသွားမည်

Ministry of Information / Posted on September 30, 2023

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်းဖြင့် လစဉ်ခံစားခွင့်ပြုသွားမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့မှ လာရောက်တွေ့ဆုံနှုတ်ဆက်

Ministry of Information / Posted on September 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on September 30, 2023

ယနေ့ လူမှုကွန်ယက် စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ၅၀ ကျပ် (ငါးဆယ်ကျပ်) နှင့် ၁၀၀ ကျပ် (တစ်ရာကျပ်) တန် ငွေစက္ကူများကို ရုပ်သိမ်းကြောင်း တရားဝင်ငွေအဖြစ်မှ ရပ်ဆဲကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန်သော သတင်းမှားများသာ ဖြစ်ပါသည်။

နှလုံးနှင့်သွေးကြောရောဂါများကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်လူဦးရေ ၂၀ ဒသမ ၅ သန်းကျော် သေဆုံးလျက်ရှိ

Ministry of Information / Posted on September 30, 2023

၂၀၂၃ ခုနှစ် “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ရုံ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မန္တလေးတိုင်းဒေသကြီးအတွင်း အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေးအတွက် ကြိုတင်စီမံဆောင်ရွက်သင့်သည်များ ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on September 30, 2023

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဒေသအတွင်း စိုက်ပျိုးရေနှင့် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်နိုင်ခြင်းနှင့် ဒေသအတွင်းလျှပ်တစ်ပြက်(Flash Flood)ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်စီမံခန့်ခွဲနိုင်ရန်လိုကြောင်း၊ ရာသီဥတု ပြောင်းလဲလာမှုကြောင့် တိရစ္ဆာန်အစာရေစာများ ရှားပါးလာနိုင်​သဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက် ကြရန် ရေအလေအလွင့်မရှိစေရေးအတွက် မိုးကာလမကုန်မီ ရေရရှိနိုင်သလောက် စုဆောင်း၍ သိုလှောင်ထားကြရန် ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ ကျီးနီကန် ရေဝင်ရောက်မှုကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရဲနွယ် စိုက်ပျိုးရေးသမဝါယမအသင်း၏ မိုးစပါးစိုက်ခင်းများ ကြည့်ရှု

Ministry of Information / Posted on September 30, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရဲနွယ်သမ ‘စံပြ’ကျေးရွာသို့ သွားရောက်ပြီး ရဲနွယ်စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်း၏ ဆင်းသုခ မျိုးစပါးစိုက်ခင်း ၃၄၉ ဧကနှင့် GW-11 မျိုးစပါးစိုက်ခင်း ဧက ၁၀၀ စိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲယှဉ်ပြိုင်မှု ကြည့်ရှုအားပေး

Ministry of Information / Posted on September 30, 2023

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction – IDDRR) အထိမ်း အမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများအနက် ၃၃ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၈၁ ဦးတို့က “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေ တိုက်ဖျက်စို့” “Fighting Inequality For A Resilient Future” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ ပြည်လည်ရောက်ရှိ

Ministry of Information / Posted on September 30, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့၌ စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက် အထိ ကျင်းပပြုလုပ်လျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Pan Feng ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အရာထမ်းများ၏ ပြည်ပသင်တန်း အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

Ministry of Information / Posted on September 30, 2023

Malaysia Anti-Corruption Academy (MACA) မှ ဖွင့်လှစ်ပို့ချခဲ့သည့် Investigation and Prosecution in Intelligence Based Investigation (IPIBI) Cases သင်တန်းသို့ အွန်လိုင်းစနစ် ဖြင့် တက်ရောက်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အရာထမ်းတစ်ဦးက သင်တန်းအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

နိုင်ငံ့အကျိုး ပြည်သူ့အကျိုးစွမ်းဆောင်လိုသည့်စိတ်မြှင့်တင်

Ministry of Information / Posted on September 30, 2023

လူတို့၏ကိုယ်ရည်ကိုယ်သွေးသည် ပုဂ္ဂိုလ်ကိုလိုက်၍ တစ်ဦးနှင့်တစ်ဦးမတူဘဲ ကွဲပြားခြားနားကြသည်။ အချို့က သူတစ်ပါးအပေါ် မှီခိုစိတ် (Need Dependence)၊ အချို့က သူတစ်ပါးနှင့်ပူးပေါင်းလိုစိတ် (Need Affiliation)၊ အချို့က တစ်ဦးတည်းလွတ်လပ်စွာ လုပ်ကိုင်လိုစိတ် (Need Autonomy)၊ အချို့က သူတစ်ပါးအပေါ် လွှမ်းမိုးလိုစိတ် (Need Dominance) စသည်ဖြင့် လူချင်းတူကြသည့်တိုင် ကိုယ်ရည်ကိုယ်သွေးချင်းမတူညီကြ။ ယင်းသို့သော ကိုယ်ရည်ကိုယ်သွေးများအနက်မှ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို မဖြစ်မနေ စွမ်းဆောင်လို သည့်စိတ်ဓာတ်(Need Achievement)သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးပါပြီး နိုင်ငံသားများတွင် ၎င်းစိတ်ဓာတ် တိုးပွားလာစေရေးအတွက် ပတ်ဝန်းကျင်အခြေအနေများ ပြုပြင် ဖန်တီးခြင်းဖြင့် ရရှိနိုင်သည်ဟု သုခမိန်များက မိန့်ဆိုကြသည်။

Newspaper - 2458 items

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 20, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 19, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 18, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 18, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 16, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 15, 2023

Publication Date: 2023

Page: 32

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ ဝါခေါင်လကွယ်နေ့၊ စက်တင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 14, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 13, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 12, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet (6-9-2023)/ Burmese (Myanmar Version)


Publisher: Information Sheet/ September 11, 2023

Publication Date: 2023

Page: 31

Language: Burmese (Myanmar Version)

Download