ဒုတိယဝန်ကြီး ဦးအေးကျော် ကျိုင်းတုံခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ ကျိုင်းတုံပင်မဓာတ်အားခွဲရုံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 09, 2024
image_latest


နေပြည်တော် မေ ၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်အတွင်းရှိ ၂၃၀ ကေဗွီကျိုင်းတုံပင်မဓာတ်အားခွဲရုံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ ကျိုင်းတုံပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပို့လွှတ်ပေးနေမှုနှင့် လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မဟာဓာတ်အားလိုင်းများ ကြံ့ခိုင်ထိန်းသိမ်းမှုကို ကြိုတင်ကာကွယ်ဆောင်ရွက်ထားရန်၊ ထရန်စဖော်မာဝန်အားစာရင်းအား အမြဲစိစစ်၍ မှတ်တမ်းထားရှိရန်၊ ဓာတ်အားလွှတ်ပစ္စည်းများကို ပုံမှန်စစ်ဆေး၍ လိုအပ်သော ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ လျှပ်စစ်စမ်းသပ်စစ်ဆေးရေးပစ္စည်းနှင့် ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ရေးပစ္စည်းများ စနစ်တကျသိမ်းဆည်းထားရှိရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရေးလုံခြုံရေးအသိ၊ သတိဖြင့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ဆွိယာဒ်(Switch Yard)အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့၏တောင်ဘက်ရှိ နမ့်ဝုတ်နှင့် နမ့်စိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များနှင့် လက်ရှိမောင်းနှင်ဓာတ်အားထုတ်လုပ်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအားလှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်း များနှင့်တွေ့ဆုံရာတွင် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် လုပ်ငန်းများလျာထားဆောင်ရွက်နေမှု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အကောင်အထည်ဖော်နိုင်မှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်လျာထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သတ်မှတ်ကာလအတွင်း မီတာများပုံမှန်ဖတ်ရှုရေးနှင့် ဓာတ်အားခများပုံမှန် ကောက်ခံရရှိရေး အထူးအလေးထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားပြတ်တောက်မှုနည်းပါးစေရေး၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်/ သစ်ကိုင်းများ ပုံမှန်ရှင်းလင်းခုတ်ထွင်သွားရန်၊ လိုင်းထိန်းသိမ်းကြံ့ခိုင်ရေးနှင့် ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရန်၊ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်မှာကြားကာ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ၃၃ ကေဗွီဓာတ်အားခွဲရုံနှင့် ဝန်ထမ်းအိမ်ရာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၂၇၅၉ ခု

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download