နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံအမှာ စကား ပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံအမှာ စကား ပြောကြား
Ministry of Information/ Naypyitaw / February 08, 2023

နေပြည်တော်၊ ဖေဖော်ဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်း တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံ ရေတပ်စခန်း ဌာနချုပ်ခန်းမ၌ သွားရောက် တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်တာဝန်ရှိသူများ၊ ဟိုင်းကြီးကျွန်း တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။
မိမိတို့ တစ်ဦးချင်း နေ့စဉ်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် လုပ်ဆောင်နေခြင်းသည် လေ့ကျင့်ရေးဆောင်ရွက်နေခြင်းပင်ဖြစ်
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌ တပ်မတော်၏ အဓိက တာဝန် သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်ပြီး တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ) ဟူ၍ မြေပြင်၊ ရေပြင်၊ ဝေဟင် လုံခြုံရေးတာဝန်များကို စုပေါင်းအားဖြင့် ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် ကာကွယ်ရေးလုပ်ငန်း စဉ်များအလိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ မိမိတို့၏ တာဝန်များကို ကျေပွန်အောင်ထမ်း ဆောင်နိုင်ရေးအတွက် စွမ်းရည်သုံးရပ်နှင့် ပြည့်စုံနေရမည်ဖြစ်ပြီး အမြဲမပြတ် လေ့ကျင့် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စစ်သည်တိုင်း မိမိတို့ တစ်ဦးချင်း နေ့စဉ်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် လုပ်ဆောင်နေခြင်းသည် လေ့ကျင့်ရေး ဆောင်ရွက်နေခြင်း ပင်ဖြစ်ကြောင်း၊ မိမိကိုယ်ကို အကျိုးမရှိစေနိုင်သည့် အသောက် အစားနှင့် အပျော်အပါးများကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်ပြီး ကျန်းမာကြံ့ခိုင်အောင် နေထိုင်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်ခြင်း မရှိပါက မိမိအပြင် မိမိ၏ မိသားစု၊ မိမိအဖွဲ့အစည်း၏ အကျိုးစီးပွားကိုပါ ထိခိုက် စေနိုင်သည်ဖြစ်သဖြင့် ကျန်းမာကြံ့ခိုင်အောင် အသိတရားနှင့် ယှဉ်၍ နေထိုင်စား သောက်ရမည်ဖြစ် ကြောင်း၊ စစ်သည်တိုင်း ကျန်းမာကြံ့ခိုင်ပြီး အင်ပြည့်အားပြည့်ဖြင့် တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း။
တစ်ဦးချင်း၏ ဘဝတိုးတက်ရေးနှင့် စည်းကမ်းစနစ်တကျရှိစေရေး
အရာရှိ၊ စစ်သည်များအနေဖြင့် မိမိတို့ တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး များကို မြှင့်တင်နေရမည်ဖြစ်ပြီး တပ်မတော်မှ တာဝန်ထမ်းဆောင်မှုအလိုက်၊ အဆင့် အလိုက် တက်ရောက်ရမည့် သင်တန်းများ၌လည်း အမြဲမပြတ်ကြိုးပမ်းအားထုတ်ခြင်း ဖြင့် မိမိဘဝတိုးတက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသိပညာဗဟုသုတများ ရရှိစေရေးအတွက်လည်း သက်ဆိုင်သည့် စာပေများကို ဖတ်မှတ်လေ့လာနေရမည် ဖြစ်ကြောင်း၊ ထို့ပြင် ဘဝတိုးတက်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် စာပေဖတ်မှတ် ခြင်းများကို လုပ်ဆောင်နေရမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းမှ ရရှိလာသည့် အသိပညာ ဗဟုသုတနှင့် အတတ်ပညာများသည် မိမိတို့ တစ်ဦးတစ်ယောက်ချင်း၏ ဘဝတိုးတက်ရေးကိုများစွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ မိမိတို့သိရှိထားသည့် အသိပညာဗဟုသု တများကိုလည်း အချင်းချင်းပြန်လည် မျှဝေပေးခြင်းဖြင့် တပ်တွင်း စည်းလုံးညီညွတ်မှုနှင့် လူမှုပတ် ဝန်းကျင် ကောင်းကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း၊ ဦးစီးခေါင်းဆောင်များ အနေဖြင့်လည်း မိမိတို့၏ လက်အောက်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး ညီညွတ် မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ကြောင်း၊ တပ်မှူးကောင်းသဖွယ် စိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်ဖြင့် ကွပ်ကဲအုပ်ချုပ်ရမည် ဖြစ်ကြောင်း၊ မိဘတို့ မည်သည် သားသမီးများအပေါ် မကောင်းသည်ကို တားမြစ်ပြီး ကောင်းရာများကို ညွှန်ပြကြကြောင်း၊ တပ်မတော်အတွင်း၌ စည်းကမ်းများချမှတ် ထားခြင်းသည် စနစ် တကျရှိမှုနှင့် စုစည်းညီညွတ်မှုရှိစေရန်အတွက်ဖြစ်ပြီး မလိုလားအပ်ဘဲ တင်းကြပ် ထားခြင်းမျိုး မဟုတ် ကြောင်း၊ စစ်မြေပြင်တွင် တစ်ဦးနှင့်တစ်ဦး အသက်ပေး၍ တာဝန်ထမ်းဆောင် ရမည့်သူများဖြစ်သည့်အတွက် အမိန့်နာခံမှုကောင်းပြီး ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး၊ မလိုလားအပ်ဘဲ အသက်အန္တရာယ်ထိခိုက်မှုများ မဖြစ်ပေါ်စေရေးတို့အတွက် အမိန့်၊ ညွှန်ကြားချက်နှင့် စည်းကမ်းများကို ချမှတ်ထား ခြင်းဖြစ်သည်ကို နားလည်သဘောပေါက်ရမည်ဖြစ်ကြောင်း။
တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကိုပါ ထမ်းဆောင်ရလျက်ရှိ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပေါ်မှုများကြောင့် နိုင်ငံ၏ စီးပွားရေးသည်လည်း ကျဆင်းခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည် ကောင်းမွန်စေရေး ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်ဆောင်ရွက်ခဲ့သောကြောင့် လက်ရှိအချိန်တွင် နိုင်ငံ့စီးပွားရေးသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည် ကို တွေ့မြင်ရ မည်ဖြစ်ကြောင်း၊ မိမိတို့ အရာရှိ၊ စစ်သည်၊ မိသားစုများသည်လည်း တပ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် မိမိ တို့ စားဝတ်နေရေးအတွက် အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ တပ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် တွန်းအားပေး ဆောင်ရွက်ခဲ့ခြင်း ကြောင့် သက်သာချောင်ချိမှုကို ဖြစ်စေခဲ့ပြီး ယခုကဲ့သို့ အခြေအနေတွင်လည်း အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသော ဈေးနှုန်း များဖြင့် ရောင်းချပေးနိုင်ခြင်း ဖြစ်ကြောင်း။
ပညာရည်မြင့်မားရေး
ပညာရေးနှင့် ပတ်သက်၍ နိုင်ငံသားတိုင်း KG+9 ပညာအရည်အချင်း ပြီးမြောက် စေရေး ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့နိုင်ငံတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်း အမြစ်ကောင်းများ များစွာပေါ်ထွက်လာရန်လိုကြောင်း၊ မိမိတို့၏ သားသမီးများကို ကောင်းမွန်သည့် ပညာအမွေများ ပေးနိုင်ရမည်ဖြစ်ပြီး မိမိ၊ တပ်မတော်နှင့် တိုင်းပြည်အတွက် အားကိုးအား ထားရသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာရ မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း အရာရှိ၊ စစ်သည်များ၊ မိသားစု များ၏ ပညာရည်မြင့်မားရေးကို အမြဲမပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ စစ်သည် အဆင့်အတန်းအားလုံး စည်းကမ်းစနစ်တကျရှိပြီး မိမိတို့တစ်ဦးချင်းစီ၏တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကာ တပ်မတော်၏ ဂုဏ်ကို မြှင့်တင်ရမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။
စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ နယ်မြေခံရေ တပ်စခန်းဌာနချုပ်မှူးက လက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယနေ့မွန်းလွဲပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နယ်မြေခံရေတပ်စခန်းဌာနချုပ်မှူးက ရေတပ်စခန်း ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု၊ နယ်မြေဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ပေးလျက်ရှိမှု၊ နယ်မြေဒေသ ဆိုင်ရာ အချက်အလက် များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးမွေးမြူရေး၊ စည်းကမ်းစနစ်တကျရှိစေရေး၊ အရာရှိ၊ စစ်သည်များ၏ ပညာရည်မြှင့်မားရေးနှင့် ဗဟုသုတများ ရရှိစေရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 2286 items

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 07, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 04, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ June 03, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
Information Sheet(31-5-2023) (Myanmar Version)
Publisher: Information Sheet (Myanmar Version)/ June 02, 2023
Publication Date: 2023
Page: 35
Language: မြန်မာ
Download