ပြည်တွင်းစာသုံးဆီ ဖူလုံစေရန်အတွက် ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


စက်မှုဝန်ကြီးဌာန/ Ministerial Office / May 07, 2024


နေပြည်တော်၊ ဧပြီ (၃၀)

    ပြည်တွင်းစာသုံးဆီ ဖူလုံစေရန်အတွက် ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ အဆင့်မြင့်အရာထမ်းများ၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်တို့ရှိ MSME Agency မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ၊ ဆီစက်လုပ်ငန်းရှင်များနှင့် စက်မှုဝန်ကြီးဌာန မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
    ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လမ်းညွှန်ချက်အရ ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ကြိတ်ခွဲခြင်းမှတစ်ဆင့် ဖူလုံအောင်ဆောင်ရွက်ရေး၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချရေးတို့အတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးထုတ်လုပ်မှုကို ၂၀၂၂ ခုနှစ်မှ စတင်၍ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဒေသအလိုက် စိုက်ပျိုးသည့် ပန်းနှမ်းနှင့်ဆီမုန်လာ အထွက်နှုန်းတိုးအောင်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၌ ဆီထွက်သီးနှံ နှစ်စဉ်စိုက်ပျိုး သည့် ဧကနှင့်ထွက်ရှိသည့် ပမာဏတို့သည် လူတစ်ဦး တစ်နှစ်လျှင် ၉ ပိဿာနှုန်း ပျမ်းမျှစားသုံးပါက လုံလောက်မှုရှိကြောင်းကို တွက်ချက်မှုများအရ သိရှိရကြောင်း၊ ဌာနအနေဖြင့် မြေပြင်တွင် ဆီထွက်သီးနှံအမှန်တကယ်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် ဦးဆောင်မှု၊ ပံ့ပိုးမှု၊ တွန်းအားပေးကြပ်မတ်မှု၊ နည်းပညာဖြန့်ဝေမှုတို့ကို အပြည့်အဝ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်ရန်နှင့် ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိရေး၊ စိုက်ပျိုးဧက၊ အထွက်နှုန်းပမာဏ မှန်ကန်မှုရှိစေရေး အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို ဆီကြိတ်စက်များသို့ ရောက်ရှိသည်အထိ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ဆီထွက်သီးနှံများကို ကြိတ်ခွဲနိုင်ရေး ဆီစက်လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ရေး၊ ထွက်ရှိလာသည့် စားသုံးဆီများကို ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချနိုင်အောင် ဆက်စပ်ဆောင်ရွက်လျက်ရှိကြောင်း၊  ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများသည် မြေပြင်သို့ သွားရောက်ကွင်းဆင်း၍ လုပ်ငန်းလည်ပတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဝန်ကြီးဌာန (၄)ခုမှ ကြိုးစားဆောင်ရွက်လျက်ရှိပြီး ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံတော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးပါရန်နှင့် တင်ပြချက်များနှင့်ပတ်သက်၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်သည်များကို ဆွေးနွေးကြမည်ဖြစ်၍ အရေးကြီးသော ညှိနှိုင်းဆွေးနွေးပွဲဖြစ်ကြောင်း၊ ယ‌နေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် “ဆီထွက်သီးနှံ နှင့်ပတ်သက်၍ နိုင်ငံအနေဖြင့် နှစ်စဉ် ပြည်ပမှ စားသုံးဆီများကို တင်သွင်းနေရပြီး ပြည်တွင်းမှ ထွက်ရှိတဲ့ ဆီထွက်သီးနှံ ထွက်ကုန်များကို ပြည်ပသို့ တင်ပို့နေကြောင်း၊ ဆီထွက်သီးနှံများ အထွက်နှုန်းပြည့်ဝစွာ ထွက်ရှိနိုင်ရေးနှင့် အချက်အလက် မှန်ကန်စွာရယူနိုင်ရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် အချက် (၄) ချက်သည် အဓိကအရေးကြီးသဖြင့် စနစ်တကျ အသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ တွန်းအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများကို တစ်ဧကအထွက်နှုန်းအတိုင်း ပြည့်ဝစွာထွက်ရှိရေး ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီ လိုအပ်ချက်များကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် ပြည်ပငွေသုံးစွဲမှုများစွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း” လမ်းညွန်မှုပြုထားကြောင်း၊ ထို့ကြောင့် ပြည်တွင်းဆီထွက်သီးနှံများမှ ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက် လုံလောက်စေရန် ဆီစက်များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းအစီအမံများ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းအစီအမံများရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန်အတွက် ယခုညှိနှိုင်းဆွေးနွေး ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေဧကများစွာရှိပြီး ပြည်တွင်းဆီကြိတ်ခွဲထုတ်လုပ်သည့် စက်များရှိသော်လည်း ပြည်တွင်းစားသုံးမှုကို ပြည့်မီအောင်ထုတ်လုပ်နိုင်မှုမရှိခြင်းတို့ကြောင့် ပြည်ပမှတင်သွင်းသည့် စားအုန်းဆီကိုသာ အားထားစားသုံးနေရပြီး စားအုန်းဆီတင်သွင်းမှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာကြောင်း၊ ထို့ကြောင့် ပြည်တွင်းဆီထွက်သီးနှံများမှ ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက် လုံလောက်စေရန်အတွက် ဆီစက်များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှဦးစီး၍ ဆီထွက်သီးနှံစိုက်ဧကနှင့် တစ်ဧကအထွက်နှုန်း ပိုမိုတိုးတက်ရေးအတွက် ပံ့ပိုးအားပေးမှုများ ဆောင်ရွက်နေသဖြင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဆီစက်လုပ်ငန်းရှင်များနှင့် ပူးပေါင်းကြိုးစား၍ ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်ပမှ စားသုံးဆီတင်သွင်းနေမှုကို လျှော့ချနိုင်ရေးအတွက် ဆီထွက်သီးနှံများ တိုးတက်ထုတ်လုပ်ရေး၊ ထွက်ရှိလာသော ဆီထွက်သီးနှံများကို အပြည့်အဝကြိတ်ခွဲထုတ်နိုင်ရေး တွန်းအားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း ထွက်ရှိသည့် မြေပဲ၊ နှမ်းနှင့် နေကြာအစရှိသည့် ဆီထွက်သီးနှံများကို အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချလျှင် စားသုံးသူများသည် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စားသုံးနိုင်မည်ဖြစ်၍ ပြုပြင်ရောနှောထားသော ကျန်းမာရေးနှင့် မညီညွတ်သည့်ဆီများကို သုံးစွဲနေခြင်းမှ များစွာလျော့နည်းသွားစေမည်ဖြစ်သည့်အတွက် စားသုံးဆီများ၏ စံချိန်စံညွှန်းနှင့်အရည်အသွေးကို ထိန်းချုပ်မြှင့်တင်ခြင်း၊ ပြည်ပသို့တင်ပို့နိုင်သည်အထိ မျှော်မှန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းသည် လူတို့စားသုံးရန် ဆီသာမက ဆီကြိတ်ရာမှရရှိသော ပဲဖတ်၊ နှမ်းဖတ်များကို တိရစ္ဆာန်အစာအဖြစ် သုံးစွဲနိုင်သည့်အတွက် တိရစ္ဆာန်အစာ တင်သွင်းမှုကိုပါ လျော့ကျနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ဆောင်ရွက်နေခြင်းကြောင့်လည်းကောင်း၊ မည်သည့်နိုင်ငံတွင်မဆို စီးပွားရေးနှင့်ပတ်သက်၍ အစိုးရမှ အချို့‌သောကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ပေးနေရသဖြင့် မိမိတို့နိုင်ငံတွင်လည်း အခြေအနေအရ လိုအပ်သည့် အခန်းကဏ္ဍများတွင် အစိုးရအနေဖြင့် ပူးပေါင်းပါဝင် ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်သည့်အတွက် စုစည်းပေါင်းစပ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပြည်သူလူထု၏ နေ့စဉ်စားသုံးမှုတွင် အရေးပါသည့် စားသုံးဆီအား ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေးသာမက စားသုံးဆီ အဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် အစိုးရနှင့်သက်ဆိုင်ရာပုဂ္ဂလိက အဖွဲ့အစည်းများမှ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ ဆီစက်များ အဆင့်မြှင့်တင်ခြင်းနှင့် ခေတ်မီဆီစက်အသစ်များ တည်ဆောက်ခြင်းလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုကို ဖြည့်ဆည်းပေးရန် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းထားပြီး ချေးငွေဆိုင်ရာကိစ္စရပ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကဏ္ဍတစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအဖြေရှာပြီး လက်တွေ့အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှု စွမ်းအားမြှင့်တင်ရေးသည်လည်း အရေးကြီးသော ကဏ္ဍမှပါဝင်နေပြီး ခေတ်မီဆီစက်လုပ်ငန်းများ ထူထောင်ရေးအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် လက်ရှိမြေပြင်အခြေအနေများအပေါ်အခြေခံ၍ ပြည်တွင်းဆီထွက်သီးနှံများမှ ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်း လိုအပ်ချက် လုံလောက်စေရန်အတွက် ဆီစက်များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်တွင်းစားသုံးဆီဖူလုံစေရေး ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများရေးဆွဲပြီး ထိထိမိမိ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးအလိုက် အထူးဇုန် (၇)ဇုန်မှ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးမည့်အခြေအနေနှင့် ဆီထွက်သီးနှံကုန်ကြမ်း ရရှိနိုင်မှုအခြေအနေတို့ကို ထည့်သွင်းဆွေးနွေးရမည်ဖြစ်ပြီး ဆီထွက်သီးနှံကုန်ကြမ်းများ ပြည်ပသို့တင်ပို့မှုကိုလည်း ထိန်းသိမ်းကွပ်ကဲကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းဆီကြိတ်စက်များအတွက် ကုန်ကြမ်းသီးနှံများ စဉ်ဆက်မပြတ်ရရှိစေရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရန်အတွက် လိုအပ်သော ဆီတန်ချိန်များအား ပြည်တွင်းဆီစက်များမှ ကြိတ်ခွဲထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းဆီစက်များမှ ထွက်ရှိလာသော စားသုံးဆီ ကုန်ချောများ ဈေးကွက်စဉ်ဆက်မပြတ် ရရှိရေးတို့အတွက် အစည်းအဝေးတက်ရောက်လာကြသူများမှ ဆွေးနွေးဖော်ထုတ်ပေးကြရမည်ဖြစ်ကြောင်း၊ ဆီကြိတ်ဖတ်များအား မွေးမြူရေးအစားအစာ ထုတ်လုပ်မှုကဏ္ဍသို့ ကွင်းဆက်မပြတ် အပြည့်အဝ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးကိုလည်း ဆက်လက်ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ပြည်တွင်း ဆီထွက်သီးနှံ စိုက်ခင်းမှသည် ဆီကြိတ်စက်နှင့် ဈေးကွက်သို့ ရောက်ရှိသည်အထိ တန်ဖိုးမြှင့်ကုန်ချောများအဖြစ် ထုတ်လုပ်ပြီး ပြည်ပဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် ဆီစက်လုပ်ငန်းရှင်များ၏ လိုအပ်ချက်၊ အခက်အခဲများကိုလည်း စက်မှုဝန်ကြီးဌာန ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ၊ အေဂျင်စီများ၊ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ ပညာရှင်များအားလုံး အတူတကွ ပူးပေါင်းဆွေးနွေးခြင်းမှ ရရှိလာမည့် ဆွေးနွေးမှုရလဒ်များနှင့် ကွန်ယက်ချိတ်ဆက် ဆောင်ရွက်မှုများကြောင့် ပြည်တွင်းစားသုံးဆီထုတ်လုပ်မှု တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းအစီအမံများ ရေးဆွဲချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများနေ့စဉ်စားသုံးမှုတွင် မပါမဖြစ်သည့် စားသုံးဆီနှင့်ပတ်သက်၍ ပြည်တွင်း၌ အလုံအလောက် ထုတ်လုပ်ပြီး အရည်အသွေး ပြည့်ဝသော ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများ သုံးစွဲကြခြင်းဖြင့် ကျန်းမာသည့် နေ့စဉ်ဘဝမှ မိမိတို့လုပ်ငန်းဆောင်တာများကို စွမ်းအားပြည့် စွမ်းဆောင်နိုင်ခြင်းနှင့်အတူ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကြောင့် နိုင်ငံခြားငွေ လိုအပ်ချက်ကို လျှော့ချနိုင်ပြီး လူမှု စီးပွားဘဝ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
    ထို့နောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်တွင်းစားသုံးမှု ဖူလုံစေရေးအတွက် ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံ(၁)ဖြစ်သည့် ပြည်တွင်းစားသုံးမှု ဖူလုံစေရေးအတွက် လိုအပ်သော ဆီတန်ချိန်များအား ပြည်တွင်းဆီစက်များမှ ကြိတ်ခွဲထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆီကြိတ်ခွဲ ထုတ်လုပ်နိုင်မှု အခြေအနေနှင့် ဇုန်(၇)ဇုန်မှ ထွက်ရှိလာမည့် ကုန်ကြမ်းရရှိမှုအရ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်မည့် အခြေအနေတို့ကိုလည်းကောင်း၊ မန္တလေး စိန်ပန်းစက်မှုလက်မှု ကုန်ထုတ်သမဝါယမအသင်းလီမိတက် အမှုဆောင်ဒါရိုက်တာက ပြည်တွင်းထုတ်ဆီကြိတ်ခွဲစက်များ တပ်ဆင်ထုတ်လုပ်နိုင်မှုအခြေအနေတို့ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး ငွေဇင်ယော် ဆီစက်လုပ်ငန်းရှင်က ဆီကြိတ်ခွဲထုတ်လုပ်မှုနှင့်လိုအပ်ချက်၊ အခက်အခဲများ အား ရှင်းလင်းဆွေးနွေးခြင်းတို့ကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ထားသော ဆီစက်များ၏ လက်ရှိအခြေအနေနှင့် ဆီကြိတ်ခွဲနိုင်မှုအခြေအနေတို့ကိုလည်းကောင်း၊ အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ဆီကြိတ်စက်ငယ်များ၏ လက်ရှိအခြေအနေနှင့် ကြိတ်ခွဲ နိုင်မှုအခြေအနေတို့ကိုလည်းကောင်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံ(၂) ဖြစ်သည့် ပြည်တွင်းဆီစက်များအတွက် ကုန်ကြမ်းသီးနှံများ စဉ်ဆက်မပြတ် ရရှိစေရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက  စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်/တိုင်းဒေသကြီးအလိုက် ဇုန်(၇)ဇုန်ဖြင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးမည့် အခြေအနေနှင့် ဆီထွက်သီးနှံကုန်ကြမ်းရရှိနိုင်မှု အခြေအနေတို့ကိုလည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆီထွက်သီးနှံများအား ပြည်ပသို့ တင်ပို့ရောင်းချမှုနှင့် စားသုံးဆီတင်သွင်းနေမှုအခြေအနေ တို့ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရွှေခေတ္တရာ ဆီစက်နှင့်ပွဲရုံလုပ်ငန်းရှင်မှ ဆီထွက်သီးနှံများ ရောင်းဝယ်ဖောက်ကားနေမှုအခြေအနေတို့ကိုလည်းကောင်း၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် သမဝါယမအသင်းများ၏ ဆောင်ရွက်နေမှုအခြေအနေတို့ကိုလည်းကောင်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံ(၃) ဖြစ်သည့် ပြည်တွင်းဆီစက်များမှ ထွက်ရှိလာသော စားသုံးဆီ ကုန်ချောများ ဈေးကွက်စဉ်ဆက်မပြတ်ရရှိရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးတက္ကသိုလ် (ရေဆင်း) ပါမောက္ခဌာနမှူးက စားသုံးဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဈေးကွက်သုတေသန တွေ့ရှိချက်များကိုလည်းကောင်း၊ စားသုံးရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပြည်တွင်းဈေးကွက်အတွင်း ပြည်ပမှတင်သွင်းလာသည့် ဆီများဖြန့်ဖြူးရောင်းချခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌက ပြည်တွင်းဆီစက်များမှ ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများ ထုတ်လုပ်နိုင်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဆီလုပ်ငန်းများအား FDA လက်မှတ်ထုတ်ပေးခြင်းနှင့် ရောနှောဆီထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံ (၄)ဖြစ်သည့် ဆီကြိတ်ဖတ်များအား မွေးမြူရေး အစားအစာထုတ်လုပ်မှုကဏ္ဍသို့ အပြည့်အဝရောင်းချနိုင်ရေးနှင့်ပတ်သက်၍ မြန်မာ နိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌက ဆီကြိတ်ဖတ်များအား မွေးမြူရေးအစားအစာအဖြစ် အသုံးပြုနိုင်မှုနှင့် ဈေးကွက်အခြေအနေတို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံ မွေးမြူရေး အစာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌက ဆီကြိတ်ဖတ်များအား မွေးမြူရေးအစားအစာအဖြစ် အသုံးပြုနိုင်ရန်အတွက် ဂရုပြုဆောင်ရွက်ရမည့် အခြေခံ အကြောင်းအရာများနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာစီးပွားရေးလူမှုဖွံ့ဖြိုးအဖွဲ့အစည်း (သုတေသန)အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူးက စားသုံးဆီဖူလုံစေရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲရာတွင် ချိတ်ဆက်ဆောင်ရွက်ရန်များအပေါ် သုံးသပ်ဆွေးနွေးခြင်းများကို အသီးအသီးဆွေးနွေးတင်ပြရာ တက်ရောက်လာသူများမှ ပြည်တွင်းစားသုံးမှုဖူလုံစေရေး အတွက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ဝိုင်းဝန်း အကြံပြုဆွေးနွေးကြပြီး စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

သတင်းစာများ - ၂၇၅၉ ခု

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download