ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှုစစ်ဆေးပြီး ကံ့ကော်ပရိယတ္တိစာသင်တိုက်သို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း


Ministry of Information/ Naypyitaw / April 20, 2024
image_latest


နေပြည်တော် ဧပြီ ၁၉

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စက်ရုံရှင်းလင်းဆောင်၌ စက်ရုံမှူးက စက်ရုံသမိုင်းအကျဉ်းနှင့် အချက်အလက်များ၊ စက်ရုံစီမံကိန်းလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ ကုန်ကြမ်းများရရှိနိုင်မှု၊ သံစိမ်းထုတ်လုပ်သည့်နည်းစဉ်၊ သံသတ္တုရိုင်းများကို သတ်မှတ်အရွယ်အစားအတိုင်း ရရှိရေးအတွက် ကြိတ်ခွဲမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွက်ရရှိထားသည့် ရန်ပုံငွေများဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း ပြီးစီးရေးအတွက် စီမံချက်များ၊ အချိန်ဇယားများရေးဆွဲဆောင်ရွက်ရန်၊ ရရှိထားသည့်ဘဏ္ဍာရန်ပုံငွေများကို အကျိုးရှိစွာအသုံးပြုနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ရန်၊ သံသတ္တုရိုင်းများတူးဖော်ရာတွင် မိုင်းဒီဇိုင်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်၊ စက်ရုံအတွက်လိုအပ်သည့် ပညာရှင်များမွေးထုတ် လေ့ကျင့်သင်ကြားပေးရန်၊ ဝန်ထမ်းများအနေဖြင့်နှစ်သစ်တွင် စိတ်သစ်၊ လူသစ်ဖြင့်ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က စက်ရုံစီမံကိန်းလုပ်ငန်းများပြီးစီး၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေးအတွက် အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လိုအပ်ချက်များရှိပါက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့သည် သံသတ္တုရိုင်းများကို သတ်မှတ်အရွယ်အစားရရှိရေးအတွက် စက်များတပ်ဆင်ပြီးစီးမှု၊ ဟီမတိုက်နှင့်လီမွန်နိုက် သံသတ္တုရိုင်းများတူးဖော်မည့် မိုင်းဧရိယာ၊ ပထမအဆင့်ကြိတ်ခွဲအလုပ်ရုံ၊ ဒုတိယအဆင့် ကြိတ်ခွဲအလုပ်ရုံ၊ MSME များအတွက် အသေးစားသံရည်ကျို မီးဖိုစမ်းသပ် တည်ဆောက်ထားရှိမှု အခြေအနေနှင့် စွန့်ပစ်အနည်အနှစ်ကန်နှင့် စက်ရုံအတွက်လိုအပ်သော ရေများရယူမည့် နမ့်တစ်ဖက်ချောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကံ့ကော်ပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၁၇ ရက် ညနေပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) နှင့် ရုံးအမှတ် (၄၁) တို့၌ ကျင်းပသည့် စက်မှုဝန်ကြီးဌာန၏ မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်းအခမ်းအနားကို တက်ရောက်ကြည်ညိုသည်။

အခမ်းအနားတွင် မစိုးရိမ်တိုက်သစ်ကျောင်း ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များနှင့် ကမ္မဝါစာများကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းမိသားစုများသည် ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 2743 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download