ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / March 28, 2024


ဘားအံ - မတ် (၂၈)

ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွန်းလာစေရေး ၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး အသက်(၂၅)နှစ် အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို မတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင် ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် တိုင်းဒေသ ကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ကရင်ပြည်နယ်အသင်းဝင်ရောက်ယှဉ်ပြိုင်ရန်နှင့် အောင်မြင်မှုရရှိနိုင်ရန် ရည်ရွယ်ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး မိမိတို့မြို့နယ်၊ မိမိတို့အသင်း အောင်မြင်မှုရရှိနိုင်ရန်အတွက် အားကစားစိတ်ဓာတ် ပြည့်ဝစွာ၊ စည်းကမ်းကောင်းမွန်စွာ၊ အားကစားသမားကောင်းပီသစွာဖြင့် ပိုက်ကျော်ခြင်းအားကစားနည်း ဥပဒေ ဘောင်အတွင်းမှ ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းမှာကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားပေးစကားများပြောကြား ကာ ပြိုင်ပွဲဝင်အသင်းများကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ပိုက်ကျော်ခြင်းအားကစားဝါသနာရှင်များက အဖွင့်ပွဲစဉ်အဖြစ် ကြာအင်းဆိပ်ကြီးအသင်းနှင့်ဖာပွန်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ကြာအင်းဆိပ်ကြီးအသင်းက ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်လျက် ရှိသော ဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲဖြေဆိုနေမှုများကို သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်၊ မြို့နယ် သံဃနာယကအဖွဲ့များနှင့်အထူးကြီးကြပ်ဆရာ တော်ကြီးများအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူ ဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ငွေကျပ် (၃၀)သိန်းကို ဥပသကာများထံ ပေးအပ်လှူဒါန်းကာ သံဃာတော်များစိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆို နိုင်ရေး လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ဘားအံစာဖြေဌာနတွင် ဓမ္မစရိယစာမေးပွဲကို သံဃာ၊သီလရှင် စုစုပေါင်း ၁၄၀ ပါး ဝင်ရောက်ဖြေဆိုပြီး မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့ထိလည်းကောင်း၊ ပထမပြန်စာမေးပွဲ ကို သံဃာ၊သီလရှင် စုစုပေါင်း ၈၉၆ ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ဧပြီလ ၃ ရက်နေ့မှ ၉ ရက်နေ့ထိလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဟု ပြည်နယ်သာသနာရေးဦးစီးဌာနမှသိရပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓမ္မစရိယစာ မေးပွဲဖြေဆိုနေကြသည့် သံဃာ၊ သီလရှင်များအား လှည့်လည့်ကြည့်ရှုဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီမှ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ(၇)ခု သို့ အမှိုက်အိမ်နှင့်အမှိုက်ပုံးကြီးများ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ခရီးစဉ်ဒေသစီမံခန့်ခွဲ မှုအဖွဲ့တစ်ဖွဲ့ကို အမှိုက်အိမ်တစ်ခုစီနှင့် အမှိုက်ပုံးကြီး(၃)ပုံးစီလှူဒါန်းပေးသွားမည်ဖြစ်ပြီး အမှိုက်စို၊ အမှိုက်ခြောက်နှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများစွန့်ပစ်ရန်ဟူ၍ ခွဲခြားစွန့်ပစ်နိုင်ရန်ဖြစ်ကာ ခရီးသွားဧည့်သည်များအတွက် အမှိုက်များ ခွဲခြားစွန့်ပစ်တတ်သည့် စနစ်ကိုလည်း အသိပညာပေးသကဲ့သို့ ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီများသို့ ငွေကျပ် ၃၉ သိန်း ၉ သောင်းတန်ဖိုးရှိ အမှိုက်အိမ်၊ အမှိုက်ပုံးများ လွှဲပြောင်း ပေးအပ်ပြီး ခရီးစဉ်ဒေသစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

 

Newspaper - 2738 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download