မဟာသင်္ကြန်အတက်​နေ့တွင် သံတမန်များနှင့် မိသားစုများ ရန်ကုန်ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တို့၌ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ


Ministry of Information/ Naypyitaw / April 17, 2024
image_latest


ရန်ကုန် ဧပြီ ၁၆

ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများ၊ အဖွဲ့ရုံးများမှ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ကုလသမဂ္ဂနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များက ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တို့၌ သင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

ဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဇနီး ဦးဆောင်သည့် သံတမန်များနှင့် ဧည့်သည်တော်များသည် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ဇနီးနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး သင်္ကြန်ယိမ်းအဖွဲ့လုံမပျိုလေးများက သပြေခက်များဖြင့် ရေပက်ဖျန်းကြသည်။

ထို့နောက် ယိမ်းအဖွဲ့များ၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီအောင်ခိုင်၊ တိုင်းရင်းသားရိုးရာအကအဖွဲ့၊ အထူးဧည့်သည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ယိမ်းအဖွဲ့တို့၏ သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တေးသံရှင် စိုးညီညီက မြနန္ဒာသီချင်း သီဆိုရာ သံတမန်များနှင့် ဧည့်သည်တော် များက ​ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ထို့နောက် သံတမန်များနှင့် ဧည့်သည်တော်များသည် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်၌ သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ရေကစားကြသည်။

ဆက်လက်၍ သံတမန်များနှင့်ဧည့်သည်တော်များသည် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်သို့ ရောက်ရှိကြပြီး နိုင်ငံခြားပြန် ရွှေတံဆိပ် ၁၅ ဆုရှင် ဦးစိန်မြင့်အေး၏ ဇော်ဂျီအက၊ နိုင်ငံခြားပြန် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်နည်းပြ မမြင့်စန္ဒာ၏ ခြင်းလုံးခတ်အကတို့ကို ကြည့်ရှုအား​​ပေးသည်။ ထို့​နောက် ဧည့်သည်တော် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက သင်္ကြန်မိုးသီချင်းကို သီဆိုပြီး ယိမ်းအဖွဲ့နှင့်အတူ ​ပျော်ရွှင်စွာ ကပြဖျော်ဖြေတင်ဆက်သည်။

ယင်းနောက် မန်းတောင်ရိပ်ခိုသီချင်းကို သီဆိုကြပြီး စုပေါင်းကခုန်ကြသည်။ ထို့နောက် သံတမန်များနှင့် ဧည့်သည်တော်များသည် မဟာဗန္ဓုလပန်းခြံဘေးလမ်းလျှောက်သင်္ကြန်တွင် သင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ရေကစားကြသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သံတမန်များနှင့် ဧည့်သည်တော်များအား မြို့တော်ခန်းမရှိ ပထမထပ်ခန်းမကြီး၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

နေ့လယ်စာသုံး​ဆောင်​နေစဉ် မြန်မာတိုင်းရင်းသားရိုးရာအကအလှများ၊ နိုင်ငံခြားပြန် ရတနာမင်း ကျောက်ဆည်ဆင်အက၊ ယိမ်းအကအဖွဲ့များဖြင့် ကပြဖျော်ဖြေကြသည်။

ယနေ့သင်္ကြန်အတက်နေ့တွင် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တို့၌ ရေပက်ခံထွက်သူများ၊ ရေကစားကြသူများ၊ သင်္ကြန်ချစ်သူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

သတင်းစဉ်

ဓာတ်ပုံ - ဇော်မင်းလတ်၊ ရဲထွဋ်

Newspaper - 2740 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download