News
Latest News - 90701 items

Ministry of Information / Posted on May 09, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ စာပန်းအိမ် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ မွန်းလွဲပိုင်းတွင် မဟာအောင်မြေခရိုင် ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်းနှင့် အောင်မြေသာဇံမြို့နယ် အမှတ်(၂၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် စခန်းသွင်းသင်ကြားလေ့ကျင့်နေသည့် တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများ၊ အခြေခံပညာ ဆရာ ဆရာမများနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။

Ministry of Information / Posted on May 09, 2025
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဧရာဝတီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယနေ့နံနက်၉ နာရီခွဲတွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

Ministry of Information / Posted on May 09, 2025
၂၀၂၅ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် အလုပ်အမှုဆောင်များ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးမှတာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

Ministry of Information / Posted on May 09, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကချင်ပြည်နယ်ပညာရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး ၍ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


Ministry of Information / Posted on May 09, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှု၊ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများအား ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on May 09, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် မော်စကိုမြို့သို့ ရောက်ရှိနေသည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန်ညပိုင်းတွင် ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာ ဒီမာပူတင်မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ အခြားနိုင်ငံ့အကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်သည်။
Ministry of Information / Posted on May 09, 2025
လက်ရှိကာလတွင် တပ်မတော်သည် ပြည်သူလူထုလိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

Ministry of Transport and Communications / Posted on May 09, 2025
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်
Ministry of Information / Posted on May 09, 2025
မြန်မာနိုင်ငံ၌ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မူဘောင်အရ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို ကာလအပိုင်းအခြားအလိုက် အကြိမ်ကြိမ်ရပ်ဆိုင်းပေးခဲ့သည့်အပြင် လက်ရှိကာလတွင်လည်း ဖြစ်ပေါ်နေသောအခြေအနေအကြောင်းအမျိုးမျိုးတို့နှင့် အများပြည်သူအားလုံး၏ အကျိုးစီးပွားများကိုရှေးရှု၍ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ထပ်မံအသိပေးထုတ်ပြန်ကြေညာခဲ့သည်။
Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download