ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ဆောင်ရွက်မှု
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ဆောင်ရွက်မှု
Ministry of Home Affairs/ နေပြည်တော် / February 09, 2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၁ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်မှု ပြုလုပ်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မီးလောင်ခြင်းအကြောင်းအရင်းများနှင့် အရေးပေါ် မီးလောင်မှုဖြစ်ပွားလာပါက မီးသတ်ဆေးဗူးအသုံးပြု၍ စနစ်တကျ ကိုင်တွယ်ငြှိမ်းသတ်နိုင်ရေးနည်းလမ်းများ၊ ဆီ မီးလောင်မှုကို အောက်ဆီဂျင်ဖြတ်တောက်မီးငြှိမ်းသတ်နည်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အသင့်တပ်ဆင်ထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ အသင့်ထားရှိမှု နည်းလမ်းများအား ဒေးဒရဲမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင်မှု ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
Newspaper - 330 items
Volume VI, Number 71, Monday, 1 July 2019
Volume VI, Number 104, Tuesday, 30 July 2019
Volume VI, Number 103, Monday, 29 July 2019
Volume VI, Number 102, Sunday, 28 July 2019
Volume VI, Number 101, saturday, 27 July 2019
Volume VI, Number 100, Friday, 26 July 2019

