ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ငွေကျပ် ၁,၀၂၆ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ငွေကျပ် ၁,၀၂၆ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / April 03, 2026
ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။


     ၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံ-မော်ဟဲကျေးရွာသွားကားလမ်း၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဇေယျာချောင်ရပ်ကွက်နေ အောင်ကျော်ကျော်(ခ)ဖိုးအောင်(၄၄)နှစ် မောင်းနှင်လာသော YINXIANG 125 အမျိုးအစား ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ဆိုင်ကယ်နောက်ရှိ လိမ္မော်သီးခြင်းအတွင်း သိုဝှက်ထည့်သွင်း သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၈,၄၀၀ ပြား(တစ်ပြားလျှင် ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသ ကာလတန်ဖိုး ငွေကျပ် ၁,၀၂၆ သိန်း)နှင့် ငွေကျပ် ၁၀၀,၀၀၀ သိန်းတို့အား ဖမ်းဆီးရမိသဖြင့် အောင်ကျော်ကျော်(ခ)ဖိုးအောင် အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။