ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြို့သစ်ကြီးရပ်ကွက်၌ နေအိမ် မီးလောင်မှု
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြို့သစ်ကြီးရပ်ကွက်၌ နေအိမ် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / May 05, 2026
၂၀၂၆ ခုနှစ်၊ မေ ၄ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြို့သစ်ကြီးရပ်ကွက်၌ ပိုင်ရှင် ဦးမှိုဉ(၄၅)နှစ်၏ ၂၄ x ၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်းထားရှိသည့် မီးပလတ်ခုံ အပူလွန်ကဲရာမှ အနီးရှိ ထရံသို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခြောက်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၄ x ၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဦးမှိုဉ အား မြစ်ကြီးနားနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
