ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် သင်တန်းများအား ကြည့်ရှုအားပေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် သင်တန်းများအား ကြည့်ရှုအားပေး

Ministry of Home Affairs/ နေပြည်တော် / April 03, 2026

     ၂၀၂၆ ခုနှစ်၊ ဧပြီ ၂ ရက် နံနက် ၈ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်းများမှ ဒုတိယနှစ်ဝက်သင်တန်းများနှင့် ကွန်ပျူတာတက္ကသိုလ်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေခံကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိန်ဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။