ကရင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် ဧပြီလထိ သဘာဝဘေး ၂၈ ကြိမ်ဖြစ်ပွားခဲ့

ကရင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် ဧပြီလထိ သဘာဝဘေး ၂၈ ကြိမ်ဖြစ်ပွားခဲ့


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / April 24, 2024


ဘားအံ - ဧပြီ  (၂၄)

ကရင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် ဧပြီလထိ သဘာဝဘေး ၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၁၂၄၈ စုအတွက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ စုစုပေါင်း ငွေကျပ် ၁၄၂၉၇၉၀ဝိ/-(တစ်ရာလေးဆယ်နှစ်သိန်းကိုးသောင်းခုနှစ်ထောင်ကိုးရာကျပ်)ကို ထောက်ပံ့ပေးခဲ့ကြောင်း ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သဘာဝဘေးသည်ကြိုတင်မျှော်မှန်း၍မရဘဲ ကြိုတင်ပြင်ဆင်ခြင်း၊တုန့်ပြန်ဆောင်ရွက်ခြင်း ပြန်လည် ထူထောင်းခြင်းစသည့်အပိုင်း၃ပိုင်းအား လုပ်ငန်းအဖွဲ့တစ်ခုချင်းစီအနေဖြင့် ထိထိမိမိဆောင်ရွက်နိုင်ရန် ကြိုတင် ပြင်ဆင်ထားကြဖို့လိုကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများသည် ရာသီဥတုအပေါ်မှီတည်၍ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလုပ်ကိုင်ကြသည့်အတွက် သက်ဆိုင်ရာဌာနများက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အဖက်ဖက် မှမျှော်တွေးပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ သဘာဝဘေးဖြစ်ပွားလေ့ရှိသည့်ကာလသို့ ရောက်ရှိတော့မည်ဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ်၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်နှင့် အညီရေးဆွဲထားသော ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းစီမံချက်(၂၀၂၃ )အား ၂၀၂၃ ရေဘေးမှအတွေ့အကြုံများအပေါ်အခြေခံကာ အသစ်ပြန်လည်ရေးဆွဲနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ သဘာဝ ဘေးဖြစ်ပွားလာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် စုဖွဲ့ထားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍ များအလိုက် ဆွေးနွေးတင်ပြကြပြီး လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့၏ အတွင်းရေးမှူးများက သဘာဝဘေးမကျရောက်မီနှင့် ကျရောက်လာပါက အရေးပေါ်တုန့်ပြန်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြကာ အစည်းအဝေး သို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်လာသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များ အလိုက် လူ၊ ယာဉ်၊ ယန္တရားစုဖွဲ့ထားရှိမှုအခြေအနေ၊ စားနပ်ရိက္ခာ စုဆောင်းထားရှိမှု၊ Commend and Control Center ပြင်ဆင်ထားမှု၊ အသိပညာပေးဆော်ဩပေးနိုင်ရန်ပြင်ဆင်ထားမှု၊ တိမ်းရှောင်ခိုလှုံရန်နေရာများပြင်ဆင်ထားမှု၊ ဆက်သွယ်ရေးမပြတ်တောက်စေရေးနှင့် ကျန်းမာရေးဆိုင်ရာကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထိုသို့ ရှင်းလင်းတင်ပြမှုများအပေါ် အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။

 

HOT NEWS
January 4,