ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် RCC တစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် RCC တစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

Ministry of Home Affairs/ နေပြည်တော် / March 21, 2026

     ၂၀၂၆ ခုနှစ်၊ မတ် ၂၀ ရက် နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကမြင် ကျေးရွာအုပ်စုရှိ အလက(ခွဲ) လှာကမြင်(ကွက်သစ်) ကျောင်း၌ (၈၁)နှစ် မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သည့် RCC တစ်ထပ် ၁၅၀ × ၃၀ ပေ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ သက်ဆိုင်ရာဌာန တာဝန် ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။