ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း ပြီးနောက် နေအိမ်များမီးရှို့ခံရကြောင်း အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း ပြီးနောက် နေအိမ်များမီးရှို့ခံရကြောင်း အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 02, 2024
image_latest


နေပြည်တော် မေ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျေးရွာရှိနေအိမ်များ မီးရှို့ခံရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားမှုဖြစ်စေရန်အတွက် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကလေးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၁ ရက်နေ့တွင် ပြည်တော်သာကျေးရွာအနီးသို့ရောက်ရှိစဉ် အသင့်စောင့်ဆိုင်းလျက်ရှိသည့် အကြမ်းဖက်သမားက လက်လုပ်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ပြည်တော်သာကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားများ ပြည်တော်သာကျေးရွာ၏ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် သတင်းအမှန်များ ရေးသားထုတ်လွှင့်ခြင်းမရှိဘဲ ပြည်သူများအား သတင်းတု၊ သတင်းအမှားများဖြင့်သာ သတင်းအဆိပ်ခတ်လျက်ရှိပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် တစ်ဖက်သတ်စွပ်စွဲရေးသားချက်များကိုသာ ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,