ကျောက်တံတားမြို့နယ်ရှိ နိုင်ငံတော်ပိုင်အဆောက်အဦဖြစ်သည့် ပြည်တွင်းအခွန်များဦးစီးဌာနရုံး၏ အများပြည်သူ ဝင်/ ထွက်သွားလာသည့်နေရာအား အကြမ်းဖက်သမား အမျိုးသားတစ်ဦးက ဆင်ခြင်တုံတရားမဲ့စွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ

ကျောက်တံတားမြို့နယ်ရှိ နိုင်ငံတော်ပိုင်အဆောက်အဦဖြစ်သည့် ပြည်တွင်းအခွန်များဦးစီးဌာနရုံး၏ အများပြည်သူ ဝင်/ ထွက်သွားလာသည့်နေရာအား အကြမ်းဖက်သမား အမျိုးသားတစ်ဦးက ဆင်ခြင်တုံတရားမဲ့စွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / June 10, 2023


   ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ နိုင်ငံတော်ပိုင်အဆောက်အဦဖြစ်သည့် ပြည်တွင်းအခွန်များဦးစီးဌာနရုံး၏ အများပြည်သူ ဝင်/ ထွက်သွားလာသည့်နေရာအား PDF အမည်ခံ အကြမ်းဖက်သမားများက ဆင်ခြင်တုံတရားမဲ့စွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
    ဖြစ်စဉ်မှာ ဇွန်လ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံးအမှတ်(၃)၊ တတိယထပ်၊ အမှတ်(၆၂)ရှေ့သို့  Mask တပ်ဆင်ထားသည့် အကြမ်းဖက်သူ အမျိုးသားတစ်ဦး(စိစစ်ဆဲ)က ထမင်းချိုင့်ထည့် လက်ဆွဲအိတ်အနီရောင်အားဆွဲ၍ရောက်ရှိလာကာ ရုံးသို့လာရောက်သူများ သတင်းပို့မှတ်တမ်းရေးသွင်းသည့် စားပွဲခုံဘေး ဧည့်သည်များထိုင်ရန်ထားရှိသည့် စတီးခုံအောက်၌ လက်လုပ်မိုင်းပါရှိသည့် ထမင်းချိုင့်ထည့် လက်ဆွဲအိတ်အနီရောင်အားထားရှိ၍ ထွက်ခွာသွားခဲ့ပြီး ခဏအကြာတွင် အဆိုပါထမင်းချိုင့်ထည့် လက်ဆွဲအိတ်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီးရှိ ဒေါ်အဉ္စန(၃၀)နှစ်၊ ဒေါ်ဖြိုးဖြိုးအောင်(၃၀)နှစ်၊ မစုနှင်းဦး (၂၀)နှစ်၊ မမြတ်မှူးခင်(၂၃)နှစ်၊ မနန်းချယ်ရီ(၃၀)နှစ်နှင့် ဒေါ်ခင်လတ်(၆၁)နှစ်တို့ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး အခင်းဖြစ်နေရာအနီးမှ PVC ပိုက် အပိုင်းအစများ၊ ဓာတ်ခဲခွံ၊ ခလုတ်အသေးတစ်ခုနှင့် မီးလောင်ထားသည့် အိတ်အနီရောင်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
    ထိုသို့ နိုင်ငံတော်ပိုင်အဆောက်အဦ၏ အများပြည်သူ ဝင်/ ထွက်သွားလာသည့်နေရာအား ဆင်ခြင်တုံတရားမဲ့စွာ မိုင်းထောင်ထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,