ကျေးလက်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / February 26, 2024
image_latest


သရက် ဖေဖော်ဝါရီ ၂၅

       မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း/တံတားလုပ်ငန်းများကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

         ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မေမီမီမင်းမြတ်နှင့် တာဝန်ရှိသူများက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသော ပြရေ-ပုထိုးလမ်း (၂/၁) မိုင် ကျောက်ချောလမ်းခင်းခြင်းနှင့် sub- base လွှာခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

            အဆိုပါလမ်းကိုအသုံးပြု၍ ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် အမြန်ဆုံးဆက်သွယ်သွားလာနိုင်မည်ဖြစ်သည့်အပြင် ကျေးလက်ဒေသဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်နှင့် မြို့ပြကွာဟမှုလျှော့ချနိုင်ရေးကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

နိုင်ထွန်း