ကွန်အော်ရေတံခွန်သွားလမ်း ကတ္တရာလမ်းသစ်ဖွင့်
ကွန်အော်ရေတံခွန်သွားလမ်း ကတ္တရာလမ်းသစ်ဖွင့်
Ministry of Cooperatives and Rural Development/ Naypyitaw / February 18, 2026
ကွန်ဟိန်း ဖေဖော်ဝါရီ ၁၁
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် မြို့မကျေးရွာအုပ်စု ကွန်အော်ရေတံခွန်သွားလမ်း (၀/၂.၅) မိုင် ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ လမ်းသစ်အဝင်မုခ်ဦး၌ ကျင်းပရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ကွန်အော်ရေတံခွန်သွားလမ်း(၀/၂.၅)မိုင် ကတ္တရာလမ်းသစ်ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၃၂ ဒသမ ၂၃၇ သန်းဖြင့် အရှည် (၀/၂.၅)မိုင်၊ အကျယ် ၁၂ ပေဖြစ်ပြီး မြင့်မြတ်ခြယ်ကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခြင်း ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး
