ခင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံတော်ပိုင်အဆောက်အဦဖြစ်သည့် လျှပ်စစ်ဓာတ်အားခွဲရုံ ထိခိုက်ပျက်စီး
ခင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံတော်ပိုင်အဆောက်အဦဖြစ်သည့် လျှပ်စစ်ဓာတ်အားခွဲရုံ ထိခိုက်ပျက်စီး
Ministry of Home Affairs/ နေပြည်တော် / May 30, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လမ်းတံတားများအား မိုင်းထောင် ဖောက်ခွဲခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများနေရာထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ် များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မေလ ၂၄ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ရပ်ကွက်၏အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ ခင်ဦး-ဇီးကုန်းသွားကားလမ်း ဘေးရှိ လယ်ကွင်းများမှနေ၍ လက်လုပ်စိန်ပြောင်း(စိစစ်ဆဲ)များဖြင့် ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခဲ့မှု ကြောင့် အဆိုပါရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်း ဓာတ်အားခွဲရုံပေါ်သို့ စိန်ပြောင်းဗုံးသီး ၁ လုံး၊ ရုံးဝင်းအတွင်းရှိ မြေကွက်လပ်သို့ စိန်ပြောင်းဗုံးသီး ၄ လုံး အသီးသီးကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါရုံး၏ အမိုးသွပ် ၁ ချပ်၊ မျက်နှာကြက် ၁ ချပ်၊ 11 KV မီတာဒိုင်ခွက် ၁ ခု၊ ဇလီဖား Panel မှန်၊ 33 KV ဇလီဖား Panel Relay ဒိုင်ခွက်နှင့် DC panel များ စိန်ပြောင်းဗုံးသီးစထိမှန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။