ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်သည့်ကြားနာပွဲတွင် မြန်မာ၏​ရှေ့​နေများက ဆက်လက်တုံ့ပြန်​ချေပလျှောက်လဲ

ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်သည့်ကြားနာပွဲတွင် မြန်မာ၏​ရှေ့​နေများက ဆက်လက်တုံ့ပြန်​ချေပလျှောက်လဲ


Ministry of Information/ Naypyitaw / January 21, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၀

ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထမအကျော့တင်ပြလျှောက်ထားခြင်းကို ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်ခဲ့ရာ ရှေးဦးစွာ မြန်မာ၏ရှေ့နေ Mr. Sam-Bloom Cooper နှင့် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr.Christopher Staker တို့က တုံ့ပြန်ချေပလျှောက်လဲခဲ့သည်။

ထို့နောက် မြန်မာ၏ရှေ့နေ Ms. Leigh Lawrie က အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးဟုဆိုကာ တပ်မတော်က ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်းစေရန် ရည်ရွယ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီရွာတိုင်းတွင် စစ်ဆင်ပုံ (pattern of conduct) ကို တစ်ပုံစံတည်းဆောင်ရွက်ခဲ့ကြောင်း ဂမ်ဘီယာက စွပ်စွဲမှုကို ရွာ ၄၂ ရွာ ဖြစ်စဉ်များနှင့် ကိုးကားတုံ့ပြန်ချေပခဲ့ပြီး မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker က ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် ချမှတ်ခဲ့ပြီး ခွဲခြားဆက်ဆံသည်ဟု ဂမ်ဘီယာက စွပ်စွဲထားသော ဥပဒေများနှင့် မူဝါဒများနှင့် စပ်လျဉ်း၍ ချေပလျှောက်လဲခဲ့သည်။ (မြန်မာ၏ရှေ့နေ Ms. Leigh Lawrie နှင့် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker တို့၏ တုံ့ပြန်ချေပလျှောက်လဲချက်များကို သီးခြား​ဖော်ပြထားပါသည်။)

သတင်းစဉ်